Main menu

Background

ကြိုက်ဈေးစောင့်တဲ့ ဟိုပုံးချင်းဈေးကွက်

Sun, 08/21/2011 - 05:47 -- Anonymous (not verified)

ကြိုက်ဈေးစောင့်တဲ့ ဟိုပုံးချင်းဈေးကွက်                  ဒီတစ်ပတ် ဟိုပုံးဈေးကွက်မှာ ရှမ်းချင်းဈေးတွေ အနည်းငယ်ပြန်တက်လာပါတယ်။ ဟိုပုံးချင်းကလက်ကျန်လည်း နည်းနေပါတယ်။ ခြံရှင်လက်ထဲမှာတော့ မကျန် တော့ဘဲလှောင်လက်တွေဆီမှာသာ ပိဿာချိန် ၃ သောင်း၊ ၄ သောင်းခန့် ကျန်ရှိတယ်လို့ ချင်းပွဲရုံတွေကသိရပါတယ်။ အရောင်းအဝယ်ကလည်း ခပ်အေးအေးသာ ရှိပြီး၊ တိုင်းဒေသကြီးတွေက ပြည်တွင်းသုံးအနေနဲ့ အလှူပွဲတွေမှာ ချင်းသုပ်အဖြစ် အသုံးပြုဖို့အတွက် ဝယ်ယူနေကြပါတယ်။ တစ်ပတ်ကိုပိဿာချိန် ၃ ထောင်၊ ၄ ထောင်ခန့် အရောင်းအဝယ်ဖြစ်တယ်လို့လည်းသိရပါ တယ်။ ဟိုပုံးဈေးကွက်မှာ ချင်း (စို) က တစ်ပိဿာ ၂၇ဝ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကိုတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးဖြစ်ပေမဲ့၊ ယခင်တစ်ပတ်က ၂၂ဝဝ ကျပ်ဈေးရှိခဲ့တာကြောင့် လှောင်လက်တွေက မကိုက်လို့ မရောင်းကြဘူးလို့သိရပါတယ်။ ချင်းခြောက်က အနည်းဆုံး ၂ နှစ်၊ ၃ နှစ်အထိ အထားခံတာကြောင့် လှောင်လက်တွေကလည်း ကြိုက်ဈေးမရရင် မရောင်းဘဲထားကြပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်း(စို) တစ်ပိဿာ ၃ဝဝ ကျပ်မှ ၃၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတစ်ပိဿာ ၁၂ဝဝ ကျပ်မှ ၁၅ဝဝ ကျပ်နဲ့ တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၁၇ဝဝ ကျပ်ဈေး ရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင် ကသိရှိရပါတယ်။ ဧဧခိုင်