Main menu

Background

မူဆယ်တက်မဲ့ ဟိုပုံးနနွင်းဈေးမာလာ

Sun, 08/21/2011 - 06:10 -- Anonymous (not verified)

မူဆယ်တက်မဲ့ ဟိုပုံးနနွင်းဈေးမာလာ               ရှမ်းနနွင်းဈေးက ဒီတစ်ပတ်မှာ ဈေးနည်းနည်းတက်လာပါတယ်။ မူဆယ်ကိုပို့ဖို့အတွက် မန္တလေးဝယ်လက်တွေက ဟိုပုံး နနွင်းကို ဝယ်ယူနေတာကြောင့် ဟိုပုံးနနွင်းစက အရင်တစ်ပတ်ကထက် ၁ဝဝ ကျပ်ဈေးတက်လာ ပါတယ်။ မန္တလေး ဝယ်လက်တွေကလည်း ဟိုပုံးနနွင်းချည်းကိုပဲ အချိန် ၃ သောင်းခန့် ဝယ်ယူသွားတယ်လို့သိရပါတယ်။ ဟိုပုံးနနွင်းက တစိမ့်စိမ့် အရောင်းထွက်နေတာကြောင့် လက်ကျန်ကလည်း ၄-၅ သောင်းသာ ကျန်တော့တယ်လို့သိရပါတယ်။ ပင်လောင်းနနွင်း၊ အောင်ပန်းနနွင်းတွေကတော့ လက်ကျန်သိန်းချီပြီးကျန်နေတာရယ်၊ ဝယ်လိုအားကလည်း သိပ်မရှိတာကြောင့် ဈေးကလည်း ဒီထက်ထပ်တက်ဖို့မရှိနိုင်ဘူးလို့ ခန့်မှန်းနေကြပါ တယ်။ ဒီတစ်ပတ် ဟိုပုံးနနွင်းဈေးက တစ်ပိဿာကို ၁၆ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ပင်လောင်းနနွင်းကတစ်ပိဿာ ၇ဝဝ ကျပ်ရှိပြီး၊ ပင်းတယ၊ အောင်ပန်းနနွင်းက တစ်ပိဿာ ၁ဝဝဝ ကျပ်မှ ၁၅ဝဝ ကျပ်နဲ့ တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်