Main menu

Background

မန်းရတနာပုံဈေးနေရာရှိ ဒိုင်းမွန်းပလာဇာကို မကြာမီ ဖွင့်လှစ်မည်ဖြစ်ရာ ပထမထပ်ရှိ ဈေးဆိုင်ခန်းများ ငှားရမ်းမှုရှိလာ

Sun, 08/21/2011 - 09:00 -- Anonymous (not verified)

မန်းရတနာပုံဈေးနေရာရှိ ဒိုင်းမွန်းပလာဇာကို မကြာမီ ဖွင့်လှစ်မည်ဖြစ်ရာ ပထမထပ်ရှိ ဈေးဆိုင်ခန်းများ ငှားရမ်းမှုရှိလာ                     မန္တလေးမြို့၊ ၇၇ လမ်းနဲ့ ၇၈ လမ်းကြား၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြား၊ ရတနာပုံဈေးနေရာရှိ ဒိုင်းမွန်းပလာဇာကို စက်တင်ဘာလဆန်းပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ရာ ပထမထပ်ရှိ ဆိုင်ခန်းများ ငှားရမ်းမှုရှိလာကြောင်း သိရပါတယ်။                       ဒိုင်းမွန်းပလာဇာတွင် ဆိုင်ခန်းဝယ်ယူထားသူတစ်ဦးက'' ဒိုင်းမွန်း ပလာဇာ ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် ဆိုင်ခန်းအငှားလိုက်လာတယ်။ ဒီနေရာက အရင်ကတည်းက အရောင်းအဝယ်ရှိခဲ့တဲ့ နေရာဆိုတော့ တခြားဈေးမှာ ရောင်းနေတဲ့သူအတွက် ဈေးစုံစမ်းကြတယ်။ အရောင်း အဝယ်လည်းရှိပေမယ့် အငှားပိုလိုက်တယ်။ ဆိုင်ခန်းအကျယ်အဝန်း က တစ်ခန်းနဲ့ တစ်ခန်းမတူတော့ ဈေးလည်းမတူဘူး။ ၁၆ပေx၂၃ ပေ အခန်းကို တစ်လ ၁ဝ သိန်းအငှားရှိပြီး၊ အခန်းကျဉ်းရင် ၇ သိန်း၊ ၈ သိန်းလောက်ရှိတယ်''လို့ ပြောပါတယ်။                       ဒိုင်းမွန်းပလာဇာရှိ ဆိုင်ခန်းပေါင်း ၆ဝဝ ကျော်တွင် ရုပ်ရှင်ရုံ ၃ ရုံ၊Food Center  ၊ လူ ၄ဝဝဝ ဆံ့ State Show  ၊ ကလေးကစားကွင်း (Kid Zone) ၊ ဂိမ်းစင်တာများပါရှိ၍ ပလာဇာအတွင်း အလွယ်တကူ သွားလာနိုင်ရန် ဓာတ်လှေကား ရှစ်စီး၊ စက်လှေကား လေးစီးနဲ့ ကုန်တင် ရွေ့လျားစက်လှေကား နှစ်ခုတို့ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဇူးဇူး