Main menu

Background

ကားအရောင်းအဝယ် ကဲျသော်လည်း ဈေးမြှင့်ခေါ်နေသည့် ကားဈေးကွက်

Sun, 08/21/2011 - 09:02 -- Anonymous (not verified)

ကားအရောင်းအဝယ် ကဲျသော်လည်း ဈေးမြှင့်ခေါ်နေသည့် ကားဈေးကွက်                   ရန်ကုန်မြို့ကားဈေးကွက်ဝယ် ယခုလတတိယပတ်အတွင်း အခြေအ နေမှာ အပေါ်ကားများသာမက အောက်ကားများပါ အရောင်းအဝယ် ထင်သလောက် မဖြစ်ဘဲ အဝယ်ကဲျနေသော်လည်း ဈေးမြှင့်ခေါ်ထားကြပြီး အမြင့်ဈေးများဖြင့်ပင် ဈေးတန်းနေကြောင်း သိရသည်။                      ယခုအခါ ကားဈေးကွက်အတွင်း အပေါ်ကားများစွာ ဝင်ရောက်လာပြီး အပေါ်ကားများ စုဖွဲ့ရာ ဟံသာဝတီဝိုင်းတွင် မိုဒယ်မြင့်ဆလွန်းကားများ အမည်စုံဖြင့် ဝင်ရောက်လာပြီး အရောင်းအဝယ်လုပ်နေကြသော်လည်း လဆန်းပိုင်းကလောက် အရောင်းအဝယ်မဖြစ်ကြောင်း၊ ယခုရက်ပိုင်း တစ်စီ၊ နှစ်စီးသာ အရောင်းအဝယ် ဖြစ်ကြောင်း၊ အသစ်ဝင်အပေါ်ကားများ၏ ဈေးတန်းမှာလည်း စင်းလုံးချောကတစ်ဈေး၊ ဘယ်/ညာပြောင်းယာဉ်များက တစ်ဈေးဖြစ်ပြီး ဈေးကွာခြားလျော့နည်းသဖြင့် အပြောင်းကားများလည်း အဝယ်ရှိကြောင်းသိရသည်။                        ၂ဝဝ သိန်းမှ ၃ဝဝ သိန်းကြား ဈေးတန်းရှိ ကားများထဲတွင် ဈေးပိုမြင့်လာ သည်မှာ စူဇူကီး(R+)များဖြစ်ပြီး ၃ဂ/၄ဂ ဆိုလျင် ၃ဝဝ သိန်းကျော် ခေါ်လာကြောင်း၊ ၇ခ/၉ခများပင် ၂၇ဝ သိန်း၊ ၂၈ဝ သိန်းခေါ်လာပြီး (R-)၊ဂငယ်တန်း (တူးဝေး)ဆိုလျင် ၁၈၅ သိန်းပင်ခေါ်လာကြောင်း၊ ၎င်းတို့မာနေ၍ မြန်မာမီနီဆလွန်း သည်လည်း ၁၈၅ သိန်း ၊၁၉ဝ သိန်းခေါ်လာကြောင်း၊ ယင်းတို့နှင့်လိုက်၍ အခြားရှိ ရင်းစွဲကားများပါ ဈေးတပ်မြှင့်ခေါ်လာပြီး စူပါဆလွန်း ၈၇ ထုတ် ကကြီးတန်းအမြင့် ဆိုလျင် ၂ဝဝ သိန်းအကျော် ခေါ်လာကြကြောင်း အပေါ်ဝိုင်းမှ ယာဉ်ဝယ်ရောင်း အကျိုးဆောင်ပုဂ္ဂိုလ် ကိုမြင့်ကျော်မှ ပြောသည်။                      စက်မှုဇုန်ကားများမှာ ယခင်လိုင်စင်ကျပြီး ကင်းရှင်းပြီးသော လိုက်ထရပ် များသာအဝယ်ရှိနေပြီးအဆင့်မြင့် ဝက်ဂွန်ကားများမှာ အတက်မရှိဘဲ ဈေးပါးနေ ကာ အက္ခရာနံပါတ်ထွက်ပြီး ကားဖြစ်စေကာမူ အရောင်းအဝယ်သိပ်မဖြစ်ဘဲ စောင့် ကြည့်နေကြကြောင်း ၎င်းမှပြောသည်။ ှ