Main menu

Background

မူလနှုန်းထားအတိုင်း မြေခွန်သက်တမ်း တစ်နှစ်တိုး၍ မန်းမြေကွက် အရောင်းအဝယ်ပြန်ဖြစ်

Sun, 08/21/2011 - 09:05 -- Anonymous (not verified)

မူလနှုန်းထားအတိုင်း မြေခွန်သက်တမ်း တစ်နှစ်တိုး၍ မန်းမြေကွက် အရောင်းအဝယ်ပြန်ဖြစ်                     သြဂုတ် ၁၂ ရက်မှစ၍ မူလနှုန်းထားအတိုင်း မြေခွန်သက်တမ်း တစ်နှစ် တိုး၍ မန္တလေးမြေကွက်များ အရောင်း အဝယ်ပြန်ဖြစ်လာကြောင်း မြေအကျိုး ဆောင်များထံမှ သိရပါတယ်။ ''နှစ်ဆန်းပိုင်းက အရောင်းအဝယ် တော်တော်လေးဖြစ်ခဲ့တဲ့ မန္တလေးမြေကွက်က ဇူလိုင်လပိုင်းမှာ ပြန်အေးသွားခဲ့တယ်။ မြေအခွန်နှုန်းထား တိုးမယ် လို့ကြားလို့ အရောင်းအဝယ်မလုပ်ကြဘဲ စောင့်ကြည့်အနေအထားဖြစ်သွားတာ။ ဒီတစ်ပတ်မှာ အခွန်နှုန်းမပြောင်း လဲတော့ အရောင်းအဝယ် ပြန်စလာပြီ။ မြို့ထဲပိုင်းက ပြန်စတာပဲ။ မြို့သစ်ဘက်ပိုင်းမှာလည်း ကားကွင်းစီမံကိန်းနဲ့ ကုန်စည်ဒိုင်စီမံကိန်းကြောင့် လုပ်ငန်းသုံးလိုအပ်ချက်အရ အဲ့ဒီအနီးအနားက မြေကွက်တချို့ အရောင်းအဝယ် စဖြစ် တယ်။ ဝယ်လက်က ဈေးချရောင်းရင် တော့ဝယ်ကြတယ်။ ဒီလကုန်ရင် အရင် လို အရောင်းအဝယ် ပြန်သွက်လာမယ် ခန့်မှန်းတယ်''လို့ မြေအကျိုးဆောင် တစ်ဦးက ပြောပါတယ်။                     မြေအခွန်နှုန်းထားမှာ ၂ဝ၁ဝ ခုနှစ်၊ သြဂုတ်လမှ ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ ၁ နှစ်အတွင်း ပေးဆောင်ရသည့် အခွန် နှုန်းထားအတိုင်း ရောင်းသူ ၁ဝ ရာခိုင် နှုန်း၊ ဝယ်ယူသူ ၁၅ရာခိုင်နှုန်းဖြင့် ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လမှ ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လအတွင်း သက်တမ်း တစ်နှစ်တိုး၍ ပေးဆောင်ရန် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ ဇူးဇူး