Main menu

Background

ပိုးသတ်ဆေးအန္တရာယ်နဲ့ စားသုံးသူကာကွယ်ရေး

Tue, 08/23/2011 - 04:42 -- Anonymous (not verified)

ပိုးသတ်ဆေးအန္တရာယ်နဲ့ စားသုံးသူကာကွယ်ရေး          ယခုတလောပြည်တွင်းက စားပင် သီးနံှစိုက်ခင်းအချို့မှာ ကွဲျနွားများ အဆိပ် သင့်တဲ့သတင်း၊ သီးနံှများခူးဆွတ်တဲ့ တောင်သူလယ်သမားများ မူးဝေ၊ အော့အန်ကြ တဲ့ သတင်းတွေကို ကြားသိရပါတယ်။ ပိုးသတ်ဆေး ကို ရေရှည်ကိုင်တွယ် အသုံးပြုနေကြတဲ့ တောင်သူလယ်သမားများ အနေနဲ့ စနစ်တကျသုံးစွဲမှုမရှိရင် ကာလကြာတဲ့အခါ ကင်ဆာရောဂါ အထိဖြစ် ပွားစေနိုင်ပြီး သက်တမ်းစေ့မ နေရဘဲ အသက်ဆုံးရှုံးကြရကြောင်းလည်း လေ့လာ သိရှိရပါတယ်။                         စိုက်ပျိုးရေးကို အားထားနေတဲ့ ကျွန်မတို့နိုင်ငံမှာ အဓိကအင်အားဖြစ်တဲ့ တောင်သူလယ်သမားတွေနဲ့ သူတို့ရဲ့ လုပ်ငန်းခွင်လက်တွဲဖော်ဖြစ်တဲ့ ကွဲျနွားတွေ ကျန်းမာ သန်စွမ်းစွာ စိုက်ပျိုး ထွန်ယက်ထုတ်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ သူတို့ တစ်တွေ ရောဂါအန္တရာယ်တွေခံစားရပြီး၊ အသက်ဆုံးရှုံးကြရရင် နိုင်ငံအတွက် နစ်နာ ဆုံးရှုံးမှု ကြီးမားလှပါတယ်။ ဒါကြောင့်စိုက်ပျိုးရေး လုပ်ငန်းသုံး ပိုးသတ်ဆေးများနဲ့ စပ်လျဉ်းလို့ လေ့လာ ကြည့်မိပါတယ်ရှင်။                   စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ တင်သွင်းမယ်ဆိုရင် လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ထံတင်ပြပြီး စစ်ဆေးမှုများပြုလုပ်၍ ထောက်ခံချက်ရရှိတဲ့အခါ သွင်းကုန်လိုင်စင်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ လျှောက်ထားရမှာဖြစ်ကြောင်း သိရှိရပါ တယ်။ တရားဝင်တင်သွင်းခွင့်ပြုတဲ့ ပိုးသတ်ဆေးဘူး များပေါ်မှာ ဓာတုဆေးဝါးများ ပါဝင်မှုအချိုးအစား အသုံးပြုရမယ့်ပမာဏ၊ အသုံးပြုပုံနည်းစနစ်များနဲ့ သတိထား ရမယ့်အချက်များကို တင်သွင်းမယ့်နိုင်ငံရဲ့ ဘာသာစကားနဲ့ ဖော်ပြထားရမှာပါ။ ဥပမာ-မြန်မာနိုင်ငံက မှာယူတင်သွင်းရင် ဘူးပေါ် မှာ မြန်မာဘာသာနဲ့ ဖော်ပြပေးခြင်းဖြင့် အသုံးပြုမယ့် တောင်သူလယ်သမားများက ဖတ်ရှုပြီး စနစ်တကျ သုံးစွဲနိုင်မှာပါ။ တရားမဝင် လမ်းကြောင်းများမှ တင်သွင်းလာတဲ့ ကန့်သတ်တားမြစ် ထားတဲ့ ပိုးသတ်ဆေးများ မှာတော့ မြန်မာဘာသာ နဲ့ ဖော်ပြထားခြင်းမရှိတာမို့ သုံးစွဲတဲ့ တောင်သူလယ်သမားကလည်း စိတ်ထဲထင်သလို အချိန်အဆမဲ့ အသုံးပြု နေကြတာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့်လည်း အန္တရာယ်ဖြစ်ကြတာပါ။ ပိုးသတ်ဆေး များကို ကိုင်တွယ်အသုံးပြုနေ တဲ့ တောင်သူလယ်သမားများအနေနဲ့ ပိုးသတ်ဆေး သုံးစွဲမှုဆိုင်ရာ ပညာပေးသင်တန်းများကို တက်ရောက်ဖို့ အရေးကြီးပါတယ်။                     သို့မှသာ ပိုးသတ်ဆေးများကို ကိုင်တွယ် အသုံးပြုရာမှာ လိုက်နာရမယ့် နည်းစနစ်များနဲ့ သတိထားရမယ့် အချက်များကို တိတိကျကျသိရှိလိုက် နာနိုင်မှာဖြစ်ပါတယ်ရှင်။ တီဗွီမှန်သားပြင်ထက်မှာ ကြည့်နေရတဲ့ စိုက်ပျိုးရေးလုပ်ငန်း သုံး ပိုးသတ်ဆေးကြော်ငြာတွေမှာ ပြည်သူချစ်တဲ့ အနုပညာရှင် မော်ဒယ်လ်လေးများရဲ့ လှလှပပဝတ်စားဆင်ယင်မှုတွေနဲ့ အတူ တေးသံသာများနဲ့ လှုပ်ရှားသရုပ်ဆောင်ကြပုံလေးတွေကို ကြည့်နေရင်း အခုချက်ချင်းအဲဒီပိုးသတ်ဆေးတွေ အပြေးသွားဝယ်ပြီး ပိုးသတ်ဆေးတွေကို မြူးမြူးြွက ြွကလှလှပပ ပက်ဖျန်းလိုက်ချင်ပါရဲ့ ရှင်။ လက်တွေ့သုံးစွဲကြမယ့် တောင်သူလယ်သမားတွေလည်း ဒီကြော်ငြာတွေကြည့်ရင်း ပိုးသတ်ဆေးကို အကာအကွယ်မဲ့ သုံးနေကြ လေမလား၊ နှာခေါင်းစည်း၊ လက်အိတ်၊ အင်္ကျီရှည်၊ ဘောင်းဘီရှည်တွေ လုံလုံခြုံခြုံဝတ်ဆင်ပြီးမှ ပိုးသတ် ဆေးသုံးရမယ် ဆိုတဲ့ အသိပညာကို ဒီကြော်ငြာတွေ က ပေးနိုင်ပါ့မလားလို့ တွေး မိပါတယ်ရှင်။                        ပိုးသတ်ဆေးများကို အကာအကွယ်မဲ့လွယ်လင့်တကူ အသုံးပြု ရင်း ကာလကြာရှည်လာရင် အရေပြားကင်ဆာ၊ အစာအိမ်လမ်းကြောင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ အာရုံကြော ထိခိုက်တဲ့ ရောဂါတွေဖြစ်ပွားနိုင်တယ်လို့စိုက်ပျိုးရေး ပညာရှင်များ က ပြောပါတယ်။ မြန်မာနိုင်ငံ အော်ဂဲနစ်ဆိုင်ရာ စာတမ်းဖတ်ပွဲရဲ့ ဆွေးနွေးချက်များအရ မြန်မာနိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပွားမှု နှုန်းများပြားလာတဲ့အတွက် ဆန်းစစ်တဲ့အခါ အဓိကအားဖြင့် လယ်ယာ စိုက်ပျိုးရေးသမားတွေ၊ အထူးသဖြင့် ပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲနေသူတွေမှာ ကင်ဆာရောဂါအများဆုံးဖြစ်နေကြောင်း၊ ကျေးလက်ဒေသက တောင်သူလယ်သမား မိသားစုများမှာ အများဆုံးကင်ဆာဖြစ်ပွားတာ တွေ့ရှိရကြောင်း ကြားသိရပါတယ်။                            ပိုးသတ်ဆေးထိတွေ့သုံးစွဲနေသူတွေမှာ တွေ့ကြုံရတဲ့ ဝေဒနာ များကတော့ ပျို့အန်ခြင်း၊ အရေပြားကင်ဆာ ဖြစ်ခြင်း၊ မျက်လုံး ထဲကို ပိုးသတ်ဆေးဝင်လို့ မျက်စိပျက်စီးခြင်းတို့ဖြစ်ပါတယ်။ ဒါတွေကိုလေ့လာမိရင်း က ရှေးယခင် က သဘာဝအတိုင်း ရိုးရိုး ရှင်းရှင်း နေထိုင်စားသောက်ရင်း ရောဂါကင်းရှင်း၊ ကျန်းမာ သန်စွမ်း၊ အသက်ရှည် စွာ နေထိုင်လာခဲ့ကြတဲ့ ကျေးလက်တောင်သူလယ် သမားတို့ရဲ့ အစဉ်အလာကို သတိရမိပါတယ်ရှင်။                                  နိုင်ငံတကာမှာလည်း ပိုးသတ်ဆေးကြောင့် ကျန်းမာရေး ထိခိုက်ဆုံးရှုံးရတဲ့ စိုက်ပျိုးရေးလုပ်သားများရဲ့ သတင်းတွေကို လေ့လာတွေ့ရှိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဝါစိုက်ခင်း လုပ်သား အများစုမှာ ရောဂါအမျိုးမျိုးခံစားကြရပြီး အချိန်မတိုင်မီ အသက် ဆုံးရှုံးကြရပါတယ်။ ဒါကြောင့် သေဆုံးသူများကို စစ်ဆေးတဲ့အခါ ပိုးသတ်ဆေးဓာတ်ြွကင်းတွေက အရိုး၊ ခြင်ဆီ၊ ကလီစာအနံှ့အပြား မှာ ရောက်နေပြီး ကင်ဆာရောဂါဝေဒနာ ဖြစ်ပွားနေတာ တွေ့ရပါသတဲ့။ ဒါ့အပြင် ဝါစိုက်ခင်းရဲ့ မြေကြီးတွေကိုယူပြီး စစ်ဆေးတော့ လည်း ပိုးသတ်ဆေးဓာတ်ြွကင်းအများအပြားပါရှိတဲ့ မြေသား တွေဖြစ်နေပါတယ်တဲ့။ ဒီမြေကြီးတွေနဲ့ ဒီစိုက်ပျိုးပင်တွေပေါ်မှာ ရှိ ကြတဲ့အင်းဆက်ပိုးမွှားများကအစ သက်ရှိသတ္တဝါတွေ ပိုးသတ် ဆေးဓာတ်ြွကင်းကြောင့် ပျက်စီးဆုံးရှုံးကြပြီး သဘာဝပတ်ဝန်းကျင် ဖောက်လွဲဖောက်ပြန်ဖြစ်စေပါတယ်လို့ သိရပါတယ်။ ပိုးသတ်ဆေးသုံးထားပြီးနောက် ဆွတ်ခူးရမယ့် စောင့်ဆိုင်း ကာလ (Pre Harvest Interval-PHI)  ကို တိတိကျကျလိုက်နာမှု မရှိဘဲ ခူးဆွတ်ရောင်းချ စားသုံးကြလို့ ပိုးသတ်ဆေးရဲ့ ဘေးထွက် ဆိုးကျိုးအန္တရာယ်ကြုံတွေ့ရတဲ့ ဖြစ်ရပ်များကိုလည်း ကြားသိရပါ တယ်ရှင်။                    ပိုးသတ်ဆေးရောင်းချတဲ့ အရောင်းဌာန ဆိုင်များအနေနဲ့လည်း ပိုးသတ် ဆေးဖျန်းခွင့်လိုင်စင်ရှိ သူကိုသာ ရောင်းချပေးရ မှာဖြစ်ပါတယ်။ လွယ်လင့်တကူ ရောင်းချနေတာကို လွယ်လွယ်ဝယ်ပြီး လွယ်လွယ်သုံးရင်ဖြင့် ဘေးအန္တရာယ် များကို အလွယ်တကူ ရယူ ကြရပါလိမ့်မယ်။                            သီးနံှများသိုလှောင်ထားတဲ့ အခန်းတွင်းမှာ ပိုးသတ်မှိုင်း တိုက်လုပ်ငန်း (Fumigation)  လုပ်ရာမှာလည်း သတိထား ရမှာပါ။ Celphos  ဆိုတဲ့ ဆေးပြား ၂ ပြား ၃ ပြားကို လေလုံတဲ့ အခန်းထဲမှာ ထည့်ထားရင် ပိုးသာမက လူပါသေစေနိုင်တယ် လို့ သိရပါတယ်။ နေအိမ်ရဲ့အောက်ထပ်မှာ ကောက်ပဲသီးနံှများသို လှောင်ပြီး ပိုးသတ်ဆေးပြားထည့်၊ ပိုးသတ်ဆေးဖျန်းပြီး အပေါ်ထပ် မှာ မိသားစုအိပ်နေရင်း အဆိပ်ငွေ့ကြောင့် မိသားစုလိုက် သေဆုံး ခဲ့ကြတာလည်း ကြားခဲ့ဖူးပါတယ်။ အလွန် အန္တရာယ်ကြီးတာမို့ မပေါ့ဆ စေချင်ပါဘူးရှင်။                         စိုက်ပျိုးရေးသုံးပိုးသတ်ဆေးများ အကြောင်း စိတ်ဝင်တစား လေ့လာမိရင်းက လူသားတွေကို အန္တရာယ်ဖြစ်စေတဲ့ ပိုးသတ်ဆေး နောက်တစ်မျိုးရဲ့ အကြောင်းကိုပါ သိရှိလာရပါတယ်။ ဒါကတော့ ပြည်ပအိမ်နီးချင်းနိုင်ငံများက တင်သွင်းလာ တဲ့ ခြင်ဆေးခွေတွေရဲ့ အကြောင်းပါ။ ဒီခြင်ဆေးခွေတွေကို စစ်ဆေးတဲ့အခါ Meperfluthrim ဆိုတဲ့ အဆိပ်ပမာဏက WHO ကခွင့်ပြုထားတဲ့ သုည ဒသမ ဝ၃ ရာခိုင်နှုန်းထက် ၃-၄ ဆမကပိုများနေတာ စစ်ဆေးတွေ့ ရှိရလို့ တင်သွင်းခွင့်မပြုဘဲ တားဆီးခဲ့ရပါတယ်။ သို့ပေမယ့် တရားမဝင် လမ်းကြောင်းနဲ့ ခိုးပြီးဝင်လာတဲ့ ဒီခြင်ဆေးခွေတွေကို အချို့သောဆိုင်များမှာ ရောင်းသူနဲ့ ဝယ်ယူသဘောတူ ရောင်းချ ဝယ်ယူအသုံးပြုနေကြဆဲပါလို့ ကြားသိရပါတယ်။ တချို့ကလည်း နံ့သာဖြူ ရနံ့ကလေးသင်း သင်းမွှေးနေတဲ့ ခြင်ဆေးခွေရဲ့ ရနံ့ရယ်၊ သုံးလိုက်တာနဲ့ ခြင်ပေါက်စကမကျန် တဖြုတ်ဖြုတ်နဲ့ ပြုတ်ကျသေ ဆုံးတာမြင်ရလို့ရယ် သိပ်သဘောကျပါသတဲ့။ သူတို့က ပြောကြ သေးတယ်။ ''အဆိပ်ကြောင့် ရောဂါရမှာကနောက်၊ ခုလောလော ဆယ် ခြင်ကိုက်မခံရရင် ပြီးရော'' တဲ့၊ ကဲ--- ကောင်းကြသေးရဲ့ လားရှင်--- ဒါကြောင့်ပစ္စည်းတင်သွင်းသူတွေကို တရားဝင်လမ်းကြောင်း မှ မှန်မှန်ကန်ကန်တင်သွင်းခြင်းဖြင့် မိမိနိုင်ငံသူ နိုင်ငံသား စားသုံး သူများကို အကာအကွယ်ပေးစေလိုကြောင်း မေတ္တာရပ်ခံ ပါရစေ လား၊ ''ဘယ်သူသေသေ ငတေမာရင်ပြီးရော''ဆိုတဲ့ ဝိသမ လောဘစိတ်နဲ့ မမှန်ကန်တာတွေကို မှောင်ခိုတင်သွင်းလာရင် မိမိ နိုင်ငံသားများပဲ ထိခိုက်နစ်နာကြရမှာပါရှင်။                         ပိုးသတ်ဆေးများကို ကိုင်တွယ်အသုံးပြုသူတွေကလည်း စနစ် တကျသုံး စွဲခြင်းဖြင့် မိမိကိုယ် မိမိကာကွယ်ကြစေလိုပါတယ်။ အိမ်ရှင်မများ ဈေးဝယ်သွားရင် အမြင်မလှသော်လည်း ပိုးဖောက် ရာပါတဲ့ ဟင်းသီးဟင်းရွက် ကို ရွေးဝယ်ခြင်းဖြင့် ပိုးသတ်ဆေးအန္တရာယ်က လွတ်ကင်းပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း မချက်ပြုတ် ခင်မှာ ဟင်းသီးဟင်းရွက်များ ကို ရေစိမ်ထား၊ ရေစင်စင်ဆေးကြော ပြီးမှ ချက်ပြုတ်ပါ၊ အစိမ်းစားမယ့် အစား ချက်ပြုတ်ပြီးမှ စားပါလို့ တိုက်တွန်းလိုပါတယ်။                         စားသုံးသူများကို ပိုးသတ်ဆေးရဲ့ ဘေးအန္တရာယ်က အကာ အကွယ်ပေးကြဖို့လိုအပ်သလို စားသုံးသူများ ဘက်ကလည်း အသိရှိရှိ သတိရှိရှိဖြင့် မိမိကိုယ်မိမိ ကာကွယ်ကြပါစို့လားရှင်။