Main menu

Background

မန်းမြေဈေး တန်ဖိုးမြင့်လာ၍ ကွန်ဒိုများဆောက်လုပ်ရန် ခြေလှမ်းပြင်

Tue, 08/23/2011 - 06:07 -- Anonymous (not verified)

မန်းမြေဈေး တန်ဖိုးမြင့်လာ၍ ကွန်ဒိုများဆောက်လုပ်ရန် ခြေလှမ်းပြင်                 မန္တလေးမြေဈေးမှာ တစ်နှစ်ထက်တစ်နှစ် တန်ဖိုးမြင့်တက်လာခြင်းကြောင့် ကွန်ဒိုများဆောက်လုပ်ရန် စတင်နေပြီဖြစ်ပါတယ်။                       Naing Groupမှ စီမံဒါရိုက်တာ ဒေါ်ခင်အေးမြင့်က '' ဒီနှစ်ထဲမှာ မြေဈေးကတက်လာတော့ ရန်ကုန်မှာရောင်းနေတဲ့ ကွန်ဒိုတွေကို မန္တလေး၊ မြစ်ကြီးနား နယ်ဘက်ကလာဝယ်ကြတယ်။ ကွန်ဒိုဝယ်ပြီးနေတဲ့ သူလည်းရှိသလို ဈေးတက် လာတဲ့အတွက် ကုမ္ပဏီက အရစ်ကျနဲ့ရောင်းပေးတော့ အမြတ်ရရင် လက်လွဲှပြန် ရောင်းကြတာလဲရှိတယ်။ အရင်ကဆို ကား၊ ရွှေဘက်မှာ ရင်းနှီးမြှုပ်နံှမှုလုပ်ကြတာ။ ခုနောက်ပိုင်းမှာ မြေဘက်မှာ ရင်းနှီးမြှုပ်နံှမှုလုပ်ကြတယ်။ ငွေအကျေချေစရာမလိုဘဲ အရစ်ကျပေးသွားရတဲ့အတွက် စိတ်ဝင်စားကြတယ်။ မန္တလေးဘက်က ဒေသနဲ့ကိုက် ညီမှုရှိအောင် ဈေးကွက်က ကြိုက်မဲ့ပုံစံဖြစ်အောင်လေ့လာပြီးဆောက်လုပ်မယ်'' လို့ ပြောပါတယ်။                         မြေပိုင်ရှင်များအနေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ကြောင်း Customer  စိတ်တိုင်းကျညှိနှိုင်း၍ ဆောက်လုပ်မှုပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့မှ ကွန်ဒို တိုက်ခန်းများ ဝယ်ယူလိုပါက ၇၈လမ်းတွင် Show Room ဖွင့်၍ Naing Group  မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ကွန်ဒိုတိုက်ခန်းများမှာ တည်နေရာ နှင့် တိုက်ခန်းတွင်ပါဝင်သည့် အသုံးအဆောင်နှင့် ဝန်ဆောင်မှုပေါ်မူတည်၍ တစ်ခန်းလျှင် သိန်း ၆ဝဝ ကျပ်နှင့် သိန်း ၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ ဇူးဇူး