Main menu

Background

ပစ္စည်းပြတ်၍ရော်ဘာ အပို့လျော့

Tue, 08/23/2011 - 06:25 -- Anonymous (not verified)

ပစ္စည်းပြတ်၍ရော်ဘာ အပို့လျော့               ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၆ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၄၂၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၇၂ သန်းကို မလေးရှားနဲ့ စင်္ကာပူနိုင်ငံတို့သို့တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က တန် ၆ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် ယခုအပတ် တန် ၂ဝဝ ခန့် တင်ပို့မှုလျော့နည်းခဲ့တာတွေ့ရပါ တယ်။ ရော်ဘာအထွက်ကျတဲ့ ရာသီလည်း ဖြစ် ပစ္စည်းပြတ်ပြီး လက်ကျန်လည်းနည်းတာကြောင့် တင်ပို့မှုလျော့ကျခဲ့တာတွေ့ရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း တန် ၃၆ဝ ခန့်သာတင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-5 နဲ့MSR -20 ကို တစ်တန်လျှင် ဒေါ်လာ ၄၄ဝဝ နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ ၄၃ဝဝ အသီးသီးဖြစ်တယ်လို့သတင်းရရှိပါတယ်။ KZW