Main menu

Background

ပဲတီစိမ်း(အညာ)

Tue, 08/23/2011 - 07:29 -- Anonymous (not verified)

ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ      ယခင်    ယခု     ပြောင်းလဲမှု ၁ မုံရွာ                   ၁ ပိဿာ   ၉၇၄      ၈၉၅ ၂ မန္တလေး               ၁ ပိဿာ   ၈၈၉      ၉၇၈ ၃ မကွေး                 ၁ ပိဿာ   ၈၄၂      ၇၉ဝ ၄ ပြည်                   ၁ ပိဿာ   ၇၅ဝ      ၇၅ဝ ၅ အောင်လံ             ၁ ပိဿာ  ၈ဝဝ      ၆၇၅ ပဲတီစိမ်း(အညာ) ကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ                    မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးက ဈေးကွက်သို့ အဝင်ပုံမှန် ရှိနေသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၇၈ ကျပ်(တစ်တန်ကို ၅၉၈၉၁၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြားအရောင်းအဝယ်ဖြစ်နေတယ်လို့ မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းကို မန္တလေးဝယ် လက်က အရည်အသွေးလိုတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈ဝ၈၉ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်း ခဲ့တယ်လို့ ဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်းကို မန္တလေး ဝယ်လက်က အရည်အသွေးကိုကြည့်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၉ဝ ကျပ်(တစ်တန်ကို ၄၈၃၇၈၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၁၅ဝ ကြားသာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်လံဈေးကွက်မှာ ပဲတီစိမ်းကြီးကို ရန်ကုန်အဆွဲအေးသွားတာကြောင့်  ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၆၇၅ ကျပ် (တစ်တန်ကို ၄၁၃၃၆၃ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းသွားတယ် လို့သိရပါတယ်။ပြည်ဈေးကွက်မှာ ပဲတီစိမ်းက ဈေးကွက်သို့ အဝင် နည်းလာသလို မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်ကလည်း အ ရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၅ဝ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁ဝဝဝ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။