ပဲစင်းငုံနီ

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ        ယခင်        ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်         ၁ တန်       ၄ဝ၃ဝဝဝ    ၄ဝဝဝဝဝ၂ မန္တလေး             ၁ ပိဿာ        ၆ဝဝ         ၆ဝဝ၃ မုံရွာ                  ၁ ပိဿာ        ၆ဝ၅         ၅၉ဝ၄ ပြည်                  ၁ ပိဿာ        ၆၁၅         ၆၁၅၅ ပခုက္ကူ               ၁ ပိဿာ          ၆ဝဝ        ၆၁ဝ၆ မြင်းခြံ                ၁ ပိဿာ          ၅၆၅       ၅၈၅၇ အောင်လံ            ၁ ပိဿာ          ၅၉ဝ        ၆ဝဝ၈ မကွေး                ၁ ပိဿာ          ၆၁ဝ        ၅၈၅ပဲစင်းငုံနီဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်နေ                ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် ပဲစင်းငုံနီ(RC) ကို အိတ်စပို့ဝယ်လက်တွေက အစပိုင်းရက်တွေမှာ တစ်တန်ကို ၄ဝ၅၅ဝဝ ကျပ်နဲ့ အဝယ်ရှိရာမှ နောက်ပိုင်းမှာ ပြည်ပဝယ်လိုအားအခြေအနေကို စောင့်ကြည့်ပြီးတွက်ချက်ဝယ်ယူမှုတွေရှိလာတာကြောင့် သြဂုတ် ၉ ရက်တွင် ၄ဝ၂ဝဝဝ ကျပ်သို့ ဈေးကျခဲ့ပြီး သြဂုတ် ၁၁ရက်မှာတော့ ၄ဝဝဝဝဝ ကျပ်သို့ထပ်မံဈေးကျခဲ့ကာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု ပမာဏက တစ်ပတ်အတွင်း တန်ချိန် ၁၄၉၅ ခန့်သာဖြစ်ခဲ့ကြောင်းသိရပါတယ်။ မန္တလေးဈေး ကွက်မှာ ပဲစင်းငုံနီကို ရန်ကုန် ဝယ်လက်က တစ်ပိဿာ ကို ၆ဝဝ ကျပ် (တစ်တန်ကို ၃၇၂၃၃၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြားဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ် လို့ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လ်က အောက်ဈေးနဲ့ အဝယ်ရှိ နေသလို ရောင်းသူကုန် သည်များကလည်း ကြိုက်ဈေးမရတာကြောင့် အရောင်းအဝယ်ဖြစ်မှု နည်းခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၅၉ဝ ကျပ် (တစ်တန်ကို ၃၆၁၃၁ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၄ဝဝ ခန့်သာ ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ပြည်ဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲ အေးနေသလို ရောင်းသူကုန်သည်များကလည်း ဈေးကွက်မျှော်လင့် ချက်နဲ့ အရောင်းနည်းခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၁၅ ကျပ်(တစ်တန် ကို ၃၇၆၆၁၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာရှိခဲ့တယ်လို့ဆိုပါတယ်။ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၁ဝ ကျပ်(တစ်တန် ကို ၃၇၃၅၅၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားအဝယ်ခပ်ပါးပါးရှိခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံ ဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၅၈၅ ကျပ်(တစ်တန်ကို ၃၅၈၂၄၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းမြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က တစ်ပိဿာကို ၆ဝဝ ကျပ် (တစ်တန်ကို ၃၆၇၄၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၁၅ဝ ကြားအဝယ်ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်မြင့်လာတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အစပိုင်းရက်တွေမှာ တစ်ပိဿာကို ၆ဝဝ ကျပ် (တစ်တန်ကို ၃၆၇၄၃၄ ကျပ်)နဲ့ အဝယ်ရှိရာမှ နောက်ပိုင်းမှာ ရန်ကုန် ဈေးကွက်က ပဲစင်းငုံနီဈေးဆင်းလာတာကို အကြောင်းပြပြီး ဈေးချ အဝယ်ရှိတာကြောင့် သြဂုတ် ၁၁ရက်မှာ တစ်ပိဿာကို ၅၈၅ ကျပ် (တစ်တန်ကို ၃၅၈၂၄၈ ကျပ်)သို့ ဈေးကျခဲ့ပြီး အရောင်းအဝယ် ဖြစ်မှုလည်းနည်းလာကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။