သိပ္ပံနှမ်း
သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ အောင်လံ ၁ ပိဿာ ၁၇၈ဝ ၁၈၄၅ နှမ်းဖြူကို တရုတ်အဆွဲအေးလို့ ဈေးကျ မန္တလေးဈေးကွက်မှာ နှမ်းဖြူကို တရုတ်အဆွဲအေးနေပြီး ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များသာ အဝယ်အနည်းငယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၂၂၂ ကျပ် (တစ်တန်ကို ၇၄၈၃၄ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။မကွေးဈေးကွက်မှာ နှမ်းဖြူက ဈေးကွက်သို့အဝင်ပုံမှန်ရှိပေမဲ့ မန္တလေးဝယ်လက်အဆွဲအေးပြီး ဒေသတွင်း နှမ်းလှော်လုပ်ငန်းရှင် များကသာ တစ်ပိဿာကို ၁၂၃၅ ကျပ် (တစ်တန်ကို ၇၅၆၃ဝ၁ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂ဝဝဝ ခန့်သာ အဝယ်ရှိခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ သိပ္ပံနှမ်းကို ရန်ကုန်ဝယ် လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၈၄၅ ကျပ် (တစ်တန်ကို ၁၁၂၉၅၈၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ မှ ၁ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
