ဈေးငြိမ်နေတဲ့ ပြည်မိုးနှမ်း ပြည်ဈေးကွက်သို့ အောင်လံနဲ့ မြန်အောင်ဘက်မှ မိုးနှမ်းအသစ်များကို တစ်နေ့ အိတ် ၂ဝဝ ခန့် ဝင်ရောက်သဖြင့် ယခင်အပတ်ထက် အဝင်နည်းနေတာတွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် မိုးများအဆက်မပြတ် ရွာနေသဖြင့် အရောင်း အဝယ်မှာ အနည်းငယ်အေးနေတာတွေ့ရပါတယ်။ အခြားတိုင်းမှ အဝယ်မရှိဘဲ မြို့ခံဆီစက် များသာ အဝယ်ရှိနေသဖြင့် ဈေးမှာငြိမ်နေတာတွေ့ ရပါတယ်။ ဆီကြိတ်နှမ်းနီ ၄၅ ပိဿာ တစ်အိတ်လျှင် ၅၄ဝဝဝ ကျပ်နှင့် နှမ်းနက် ၄၅ ပိဿာ၊ တစ်အိတ်လျှင် ၆၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးငြိမ်နေတာတွေ့ရပါတယ်။ နှမ်းဆီတစ်ပိဿာလျှင် ၂၇ဝဝ ကျပ်ဈေး ဖြင့် တစ်နေ့လျှင် ၃ ပီပါခန့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ဝေဝေမင်း
Background