နှမ်းရောင်စုံတင်ပို့မှု ပိုမို သြဂုတ်လ ၃ ရက်မှ ၉ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၁၃ သန်းတန်ဖိုးရှိ နှမ်းရောင်စုံနဲ့ နှမ်းဖြူအခွံချွတ် တန် ၁၃ဝဝ ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် ၆၂၈ တန်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းအမျိုးအစားအလိုက် တင်ပို့နိုင်မှုတွေကတော့ နှမ်းဖြူ ၇၈၈ တန်၊ နှမ်းနက် ၃ဝ၂ တန်ကျော်နဲ့ နှမ်းဖြူအခွံချွတ် ၂၁၁ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် နှမ်းဖြူရော နှမ်းနက်ပါ တင်ပို့မှုပိုမိုခဲ့ပြီး နှမ်းဖြူ အခွံချွတ် တင်ပို့မှုမှာ ၁ တန်ခန့်သာ ပိုမိုခဲ့တာဖြစ်ပါတယ်။ မိမိဘက် နှမ်းဈေးမှာ ပြောင်းလဲမှုမရှိသော်လည်း တစ်ဘက်နိုင်ငံ နှမ်းဖြူဈေးအနည်းငယ်ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းဈေးများကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၈၃၅၁၈၂ ၈၃၅၁၈၂ - - ၁၂၇၂ ၁၂၈၉ ၁၇ ၁နှမ်းနက် ၉၈ဝ၂၁၄ ၉၈ဝ၂၁၄ - - ၁၄၅၈ ၁၄၅၉ ၁ ဝ .ဝ၇MIRT (DOBT)
Background