DAWN နို့ဆီတန်ချိန် နှစ်ရာကျော် တင်သွင်း သြဂုတ်လ ပထမပတ်ဖြစ်တဲ့ ဒီသီတင်းပတ်မှာ နို့ဆီ၂၄၃ ဒသမ ၃၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်း ရှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှတင်သွင်းခဲ့ပါတယ်။ တင်သွင်း ခဲ့တဲ့ နို့ဆီမှာ စင်ကာပူနိုင်ငံမှ DAWN တံဆိပ်နို့ဆီဖြစ်ပါတယ်။ နို့စိမ်းက ဒီသီတင်းပတ်နဲ့ဆိုရင် နှစ်ပတ်ဆက်တိုက် အဝင်မရှိခဲ့ပါဘူး။နို့ဆီက ယခင်သီတင်း ပတ် တန်ချိန် ၈၇ဝ ကျော် တင်သွင်း နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ အဝင် တန်ချိန်လေးဆလောက် လျော့ နည်းခဲ့ပါတယ်။ နို့မှုန့်က နယူးဇီလန်နိုင်ငံမှ ၂ဝ၁ ဒသမ ၆ဝ တန်၊ ဗီယက်နမ်နိုင်ငံမှ သုည ဒသမ ၂တန်နဲ့ စင်ကာပူနိုင်ငံမှ ၅ ဒသမ ၅၈ တန် စုစုပေါင်းတန်ချိန် ၂ဝ၇ ဒသမ ၃၈ တန် အသီးသီး မှာယူတင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ် နို့မှုန့်တင်သွင်းမှုမှာ တန်ချိန် ၇ဝ ကျော် ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်နို့မှုန့်တင်သွင်းမှုနဲ့ ယှဉ်ရင် အဝင် တန်ချိန်သုံးဆလောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းလျော့ သြဂုတ် ၃ ရက်မှ ၉ ရက်ထိကာလ အတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၂ဝ သန်း တန်ဖိုးရှိ နို့ဆီ တန် ၂ဝကျော် (၁၁ဝဝ သေတ္တာ) နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၈ သန်း တန်ဖိုးရှိ နို့စိမ်း တန် ၈ဝ ခန့် (၄၂ဝဝ သေတ္တာ) အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်ထက် နို့ဆီ ၄၈ တန်နဲ့ နို့စိမ်း ၁၂၇ တန် လျော့နည်းတင်သွင်းခဲ့တာ တွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ နို့မှုန့် ၈တန် ဒေါ်လာ ၂၂၇၇၈ဖိုးသာ အသွင်း ရှိခဲ့ပြီး ယခင်အပတ်ကထက် ၂၅ တန် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၅ဝ ၈ဝဝဒွန်း( နို့စိမ်း) ၆၅ဝ ၇ဝဝFalcon နို့ဆီ ၆ဝဝ -Falcon နို့စိမ်း ၅၁ဝ -ဝမ်းတီးနို့ဆီ ၆၅ဝ ၇ဝဝအိုကေ( နို့ဆီ) ၇ဝဝ ၇ဝ၅အိုကေ( နို့စိမ်း) ၆၆ဝ ၇ဝ၅MIRT(DOT)
Background