သြဂုတ်လအတွင်း ကမ္ဘာ့ရွှေဈေး နေ့စဉ် စံချိန်သစ်တင် မြင့်မားနေ သြဂုတ် ၈ ရက်မှစပြီး တစ်အောင်စကို ကန်ဒေါ်လာ ၁၇ဝဝ အထက်ကို ရောက်ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက သြဂုတ် ၉ ရက်မှာ တစ်အောင်စကို ၁၇၅ဝ ဒေါ်လာအထက်ကို ရောက်ရှိကာ စံချိန်သစ်တင်ခဲ့တယ်။ ၎င်းဈေးနှုန်းက သြဂုတ် ၅ ရက်နှုန်းထားဖြစ်တဲ့ ရွှေတစ်အောင်စကို ၁၆၈၁ ဒေါ်လာအထက် ၇၅ ဒေါ်လာ ဝန်းကျင်တန်ဖိုးမြင့်လာခြင်းဖြစ်တယ်။ ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှု ပိုမိုဆိုးဝါးလာ နိုင်ဖွယ်ရှိတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုကြောင့် စတော့ရှယ်ယာဈေးကွက်တွေနဲ့ ကုန်ပစ္စည်းတွေအပေါ် ရင်းနှီးမြှုပ်နံှမှုတွေ အရှုံးပြနေခြင်းက ရွှေကိုသာ စိတ်အချရဆုံး ရင်းနှီးမြှုပ်နံှမှုပစ္စည်းအဖြစ် ဝယ်လိုအားပိုမိုလာကြတယ်။ ဒါကြောင့် နယူးယောက်မှာ ဒီဇင်ဘာလ အရောက်ပို့ရွှေက တစ်အောင်စကို ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်မားကာ ၁၇၅၆ ဒသမ ၈ဝ ဒေါ်လာအထိ ရောက်ရှိခဲ့ တယ်လို့ သိရတယ်။ ချက်ချင်း အရောက်ပို့ရွှေဈေးနှုန်းမှာ တစ်အောင်စကို ၁၇၅၄ ဒသမ ၆၃ ဒေါ်လာအထိ ရောက်ရှိလာကြောင်း သိရတယ်။ ၂ဝ၁၁ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်း ၂၃ ရာခိုင်နှုန်း မြင့်မားခဲ့ပြီးဖြစ်တယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ ေြွကးမြီပြဿနာတွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တုံ့ဆိုင်းနေခြင်းတို့ကြောင့် ရွှေကိုသာ ဓနဥစ္စာအရံအတားအဖြစ် ဝယ်လိုအားပိုလာ ကြတယ်။ ဒါကြောင့် ၂ဝ၁ဝခုနှစ် မေလမှစပြီး ရွှေကိုသာ လက်ဝယ်ထားရှိမှု ပိုမိုမြင့်မားလာကြတယ်။ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနောက်တစ်ကြိမ် ကြုံရလိမ့်မယ်လို့ လည်း ဈေးကွက်အတွင်း ခန့်မှန်းချက်တွေ ထွက်ပေါ်နေတယ်။ ခန့်မှန်းချက်ကို ထောက်ပံ့ပေးနေတဲ့အချက်မှာ အမေရိကန်ရဲ့ လောင်စာ ဝယ်လိုအား ကျဆင်းကာ ရေနံစိမ်းသိုလှောင်ထား မှု မြင့်မားလာခြင်းပဲဖြစ်တယ်။ လက်ရှိမှာ ရေနံစိမ်းတစ်စည်ကို ကန်ဒေါ်လာ ၈ဝ အောက် ရောက်ရှိသွားရာ ၁ဝ လ ကျော်ကာလအတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်တယ်လို့ သိရပါတယ်။ Source:Bloomberg.com,ပပ
Background