လက်ရှိရေနံစိမ်းဈေး ကျဆင်းသွားသော်လည်း Goldman Sachs Group Inc ၏ ရေနံစိမ်းဈေးနှုန်း ခန့်မှန်းချက် ပြောင်းလဲမှုမရှိ ကမ္ဘာ့ရေနံစိမ်းသုံးစွဲမှု အများဆုံး အမေရိကန်ရဲ့ စီးပွားရေးနှေးကွေးလာမှု ပိုမိုဆိုးရွားလာကာ လောင်စာဝယ်လို အား လျော့ကျလာမယ်လို့ စိုးရိမ်ပူပန် လာကြရာ နယူးယောက်မှာ ရေနံစိမ်း ဈေးနှုန်း ကျဆင်းလာခဲ့တယ်။ အမေရိကန်သမ္မတ အိုဘားမားနဲ့ ဥပဒေပြုသူတွေက အစိုးရမှာတင်နေတဲ့ အြွေကး (ကန်ဒေါ်လာ ၁၄ ဒသမ ၃ ထရီလီယံ) သက်တမ်းကို မြှင့်တင်ဖို့ သဘောတူလိုက်ရာ အမေရိကန်ပြည် ထောင်စုအခြေစိုက် ဘဏ္ဍာရေးဝန် ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေး တဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Jh Standard & Poor’s က အမေရိကန်ရဲ့ credit ratingကို ယုံကြည်စိတ်ချရမှု အမြင့် ဆုံး Level ဖြစ်တဲ့ AAAအဆင့်မှ တစ်ဆင့်နှိမ့်ပြီး AA+ လို့ သြဂုတ် ၅ ရက်မှစပြီး ပြောင်းလဲသတ်မှတ်လိုက် တယ်။ ၎င်းသတင်းက အမေရိကန် ဒေါ်လာအပါအဝင် စတော့ရှယ်ယာ တန်ဖိုးတွေကိုထိုးကျစေခဲ့ခြင်းဖြစ်တယ်။ စက်တင်ဘာလ အရောက်ပို့ ရေနံ စိမ်းဈေးနှုန်းက တစ်စည်ကို ၃ ဒသမ ၃၃ ဒေါ်လာ ကျဆင်းကာ ၈၃ ဒသမ ၅၅ ဒေါ်လာနဲ့ နယူးယောက်ကုန်စည် ရောင်းဝယ်ရေးမှာ သြဂုတ် ၈ ရက်က အရောင်းအဝယ်ဖြစ်ခဲ့တယ်။ စက်တင်ဘာလ ငွေချေရမဲ့ ဘရန့်အမျိုးအစား ရေနံစိမ်းကလည်း တစ်စည်ကို ၁ဝ၆ ဒသမ ၄၆ ဒေါ်လာနဲ့ လန်ဒန်အခြေ စိုက် ICE Futures Europe Exchange မှာ အရောင်းအဝယ် ဖြစ်ခဲ့တယ်။
Background