Main menu

Background

ရာသီဥတုကြောင့် ရှမ်းချင်းဈေးကွက်အေးနေ

Tue, 08/23/2011 - 09:40 -- Anonymous (not verified)

ရာသီဥတုကြောင့် ရှမ်းချင်းဈေးကွက်အေးနေ                မိုးတွေရွာ၊ ရေတွေကြီးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဝယ်လို အားရပ်သွားလို့ သီးနံှတွေရဲ့ ဈေးနှုန်းတွေကလည်း ဆက်တိုက်ကျဆင်းနေပါတယ်။ ရှမ်းချင်းတွေလည်း အကျဈေးနဲ့ ရင်ဆိုင်နေရပါတယ်။ ဟိုပုံးရဲ့ နာမည်ကြီး မြေနီချင်း ဖြစ်တဲ့ အခက်ကြီး အခက်လှတွေတောင် တစ်ပိဿာ ၂၅ဝ ကျပ်ဈေးသာရှိပါတယ်။ စစ်တွေ ဝယ်လက်တွေ ပြန်မဆွဲနိုင်သေးတာကြောင့် ဈေးကလည်းတက်လာဖို့ မရှိနိုင်သေးဘူးလို့လည်း ကုန်သည်တွေထံက သိရပါတယ်။ ပြည်ပဝယ်လိုအားရပ်သွားပြီး ပြည်တွင်းသုံးကိုသာ အားကိုးနေရတာကြောင့် အရောင်းအဝယ် တန့်နေ ရင်တော့ နောက်တစ်နှစ်အထိ ပစ္စည်းလက်ကျန်ရှိနေနိုင်တယ်လို့ သိရပါတယ်။ ဟိုပုံးတောင်သူ တွေကတော့ ချင်းစိုဈေးမကောင်းရင် ချင်းတက်ကြီးတွေကို တစ်ခါတည်းပြုတ်တာကြောင့် ပစ္စည်းကောင်းအခက်ကြီးကိုတော့ ဝယ်သူပိုကြိုက်ကြ ပါတယ်။ အောင်ပန်းနဲ့ နမ့်စန်က ပယ်ချင်းတွေကိုသာ ချင်းခြောက်အဖြစ် ပြုလုပ်ကြလို့ အသေးတွေသာ များပါတယ်။ ဒီတစ်ပတ်ချင်းခြောက်ဈေးက ဟိုပုံးဈေးကွက်မှာ တစ်ပိဿာ ၁၇ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်ဈေးနဲ့ အောင်ပန်းဈေးကွက်မှာ တစ်ပိဿာ ၁၇ဝဝ ကျပ်- ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းစိုကတော့ တစ်ပိဿာ ၃ဝဝ ကျပ်-၃၃ဝ ကျပ်ဈေးရှိ တယ်လို့ သိရပါတယ်။ ဧဧခိုင်