Main menu

Background

အလတ်စများတဲ့ မန်းကြက်သွန်နီဈေးကွက်

Tue, 08/23/2011 - 09:43 -- Anonymous (not verified)

အလတ်စများတဲ့ မန်းကြက်သွန်နီဈေးကွက်                 ယခုနှစ်နွေ ကြက်သွန်က အထွက်နည်းခဲ့ပါတယ်။ ဥကြီး မဆင်းဘဲ အလတ် စသာ အထွက်များခဲ့ပါတယ်။ ဒါ့ကြောင့် သီတင်းကျွတ်၊ တန်ဆောင်မုန်းမှာ ကြက်သွန် ဈေးမာမယ်လို့ မှန်းဆနေကြပါတယ်။ မန္တလေးဈေးက အကြီးစတစ် ပိဿာ ၆ဝဝ ကျပ်၊ ၅၅ဝ ကျပ်၊ အလတ်စ တစ်ပိဿာ ၅ဝဝ ကျပ်၊ ၄၅ဝ ကျပ်၊ အသေးစ တစ်ပိဿာ ၄ဝဝ ကျပ်၊ ၃၅ဝ ကျပ်၊ မြင်းခြံစမှာတော့ အကြီးစတစ်ပိဿာ ၄၇၅ ကျပ်၊ ၄၂၅ ကျပ်၊ အလတ်စ ၄ဝဝ ကျပ်၊ ၃၅ဝ ကျပ်၊ အသေးစ ၃၂၅ ကျပ်၊ ၃ဝဝ ကျပ်ဈေးဖြစ်ပါတယ်။ နွေကြက်သွန်က ဒီဇင်ဘာလဆို ကုန်သလောက်ဖြစ်ပြီး၊ ဇန်နဝါရီလလောက်ဆိုရင် မြစ်သားကြက်သွန်နီ ထွက်လာမှာပါ။ ဒါ့ကြောင့် ဒီဇင်ဘာ၊ ဇန်နဝါရီလတွေမှာလည်း ကြက်သွန်နီက ဈေးမြင့်တတ်ပါတယ်။ ဒီနှစ် တော့ မြစ်သားက စောစောစိုက်မဲ့အလားအလာတွေ တွေ့နေရပါတယ်။ မြစ်သား ကသည်းကုန်းမှာ ကြက်သွန်နီစိုက်ဖို့ ပျိုထောင်နေကြပါပြီ။ ဒီနှစ်တော့ ဇန်နဝါရီ မတိုင်ခင် ကြက်သွန်နီပေါ်မယ်လို့ ထင်ရပါတယ်။ ဒါ့ကြောင့် အသစ်နဲ့ အဟောင်း ဆက်ပြီး အလွန်အကံျွဈေးမတက်နိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ မှောင်ခိုသာ မထွက်ရင်တော့ ပြည်တွင်းအတွက် ဖူလုံသလို ပြည်တွင်းဈေးမတက်စေချင်ရင် မှောင်ခိုမထွက်ရေး စောင့်ကြည့်ရပါလိမ့်မယ်လို့ ကြက်သွန်နီကုန်သည်များက ဆိုပါတယ်။ သင်းသင်းမြတ်