Main menu

Background

စားသုံးသူ အဆင်ပြေစေတဲ့ တန်ဖိုးနည်း ငွေစက္ကူ

Tue, 08/30/2011 - 10:03 -- Anonymous (not verified)

စားသုံးသူ အဆင်ပြေစေတဲ့ တန်ဖိုးနည်း ငွေစက္ကူ                  ဈေးသည်တွေရော၊ ဈေးဝယ်သူတွေပါ တန်ဖိုးနည်းငွေ စက္ကူရှားတော့ ၂ဝ ကျပ်တန်- ၅ဝ ကျပ်တန်၊ ၁ဝဝ ကျပ်တန်-၂ဝဝ ကျပ်တန် ဘယ်လောက်စုတ် နေပါစေ နားလည်မှုနဲ့ ယူခဲ့ကြပါတယ်။ နံပါတ်ပါရင်ပြီးရောဆိုတဲ့ အမှတ်အသား နဲ့ တိပ်အဖာတစ်ရာ၊ ကိုင်မဖြစ်လို့ ပလတ်စတစ်အိတ်နဲ့ ပက်ကင်ထုပ်ထားတာ ရောပေါ့။ တန်ဖိုးနည်းငွေစက္ကူကြောင့် ဈေးသည်တွေပြန်အမ်းတဲ့ ကော်ဖီမစ်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ တစ်ရှူးထုပ်၊ ချိုချဉ်ကိုလည်း အောင့်သက်သက်နဲ့ ဝယ်သူခဗျာ ရွေးချယ်ခွင့်မရှိ၊ ဈေးသည်ပေးတဲ့ပစ္စည်း လက်ခံရယူခဲ့ရပါတယ်။ ခုနှစ်တစ်ခုလောက်ရှိပါပြီ။ ဒါကြောင့် ဒီအခြေအနေတွေကို နိုင်ငံတော်က သိမြင် လို့ ဘဏ်တွေမှတစ်ဆင့် တန်ဖိုးနည်းငွေစက္ကူအသစ်များကို ဇွန်လမှစ၍ ဝန်ထမ်း တွေ လစာထုတ်ရင်ထည့်ပေးတယ်။ မြို့တော်စည်ပင်သာယာရေး ကော်မတီ များမှတစ်ဆင့် ဈေးများနဲ့ ယာဉ်ရပ်နားစခန်းအသီးသီးကို အပတ်စဉ်လဲလှယ် ပေးလျက်ရှိပါတယ်။ အခုဆိုရင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တန်ဖိုးနည်း ငွေစက္ကူအသစ် များ ၂ဝဝ၈ ခုနှစ် အောက်တိုဘာလမှ စတင်လဲ လှယ်ပေးခဲ့ရာ တစ်ပတ်လျင် တစ်ကြိမ် ငွေကျပ် ၃၁ ဒသမ ၇ဝ သိန်းနှုန်းဖြင့် ၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အထိ လဲလှယ်ပေးခဲ့သည့် ငွေစုစုပေါင်း ကျပ် ၄၅၉၆ ဒသမ ၅ သိန်းရှိပြီဖြစ်ကြောင်း သိရပါတယ်။ ၎င်းငွေစက္ကူအသစ် များကို မန္တလေး ၅ မြို့နယ်အတွင်း ဈေး ၄၄ ဈေးနှင့် ယာဉ် ရပ်နားစခန်း ၁၃ နေရာတို့မှာ လဲလှယ်ပေးတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် တန်ဖိုးနည်းငွေ စက္ကူများ ပြည်သူ လူထုအတွင်း လုံလုံလောက်လောက် ပံျ့နံှနေပြီလို့ ခန့်မှန်းရ ပါတယ်။                  ဒါပေမယ့် တချို့လက်ဖက်ရည်ဆိုင်ကြီးတွေ၊ ကုန်မျိုးစုံဆိုင်ကြီးတွေနဲ့ စတိုးဆိုင်ကြီးတွေ ဈေးထဲမှာ အတည်တကျ ရောင်းချနေတဲ့ ဈေးဆိုင်တချို့က ကျသင့်ငွေစက္ကူပြန်အမ်းတဲ့ အလေ့အထပီပီပြင်ပြင်မ ရှိသေး တာ တွေ့ရပါတယ်။ ငွေအြွေက ပြန်အမ်းနည်းကို ယခင်နည်းလမ်းတွေအတိုင်း ကျင့်သုံးဆဲဖြစ်တာ ကိုယ်တိုင်ရော၊ တစ် ဆင့်ကြားတွေအရပါ သိနေရပါတယ်။ အတည်ဈေးသည်တွေနဲ့စာရင် လမ်းဘေးဈေး သည်၊ မိုဘိုင်းဈေးသည်တွေ က ငွေစက္ကူအြွေကကို သတ်သတ်မှတ်မှတ် ပြန်အမ်းတာတွေ့ရလို့ သူတို့ကို လေးစားမိ ပါတယ်။ ဈေးဝယ်သူ အနေနဲ့မလိုချင်ဘဲ ပြန်အမ်းပစ္စည်းအစား အသုံး လိုတဲ့ပစ္စည်း ပြန်ဝယ်လို့ရတဲ့ ငွေစက္ကူအသေး ၅ဝ ကျပ်တန် -၁ဝဝ ကျပ်တန် အအမ်းပြန်လိုချင်တာ သဘာဝကျပါတယ်။ ငွေစက္ကူအသေးကို အမြတ်အစွန်း ယူပြီး ပြန်ရောင်းတာ ရှိနေတဲ့ အတွက် ပြန်မအမ်းတာတွေကို ဘယ်လိုဆောင် ရွက်သင့်သလဲဆိုတာ စဉ်းစားပြီးအဖြေရှာဖို့ လိုအပ်မယ်ထင်ပါတယ်။ ဒါမှသာ ပြန်သူလူထုနေ့စဉ်ကြုံတွေ့နေရတဲ့ ရောင်းမှုဝယ်မှုနဲ့ ခရီးသွားလာရေးကိစ္စများ အဆင်ပြေချောမွေ့ပြီး ရောင်းသူလည်း လွယ်ကူ၊ ဝယ်သူလည်း မလိုချင်တဲ့ ပစ္စည်း ယူရတဲ့ဒုက္ခမှ ကင်းဝေးပြီး စိတ်ချမ်းသာမှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် တန်ဖိုးနည်းငွေစက္ကူတွေ ပြည်သူသို့ လဲလှယ်ပေးခြင်း ဟာ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အထောက်အကူ တစ်ရပ် လည်း ဖြစ်စေပါတယ်။ အခုဆိုရင် မန္တလေးမြို့တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ ၂/၂ဝ၁၁ အစည်းအဝေး ဆုံးဖြတ် ချက်အရ ဈေးအသီးသီးနှင့် ယာဉ်ရပ်နားစခန်း များအတွက် ငွေစက္ကူအြွေကများ ယခင်ထက် ပိုမိုဖြန့်ဝေပေးနိုင်ရေးနှင့် ထပ်မံ ရရှိရေး ဗဟိုဘဏ်နှင့်ညှိနှိုင်းဆောင်ရွက်ခဲ့ရာ သြဂုတ်လမှစပြီး တစ်ပတ်လျင် ငွေစက္ကူအြွေက ကျပ် ၇ဝ ဒသမ ၇ဝ သိန်းသို့ တိုးမြှင့်လဲလှယ်ပေးမယ်လို့ သိရပါတယ်။ ဒါကြောင့် ပြည်သူများစွာထဲက ရောင်းသူ၊ ဝယ်သူ၊ ဘတ်စ်ကား စီးသူများထံသို့ ငွေအြွေကလေးတွေ မှန်ကန်မြန်ဆန်စွာ စီးဆင်းလာနိုင်ပါစေလို့ မျှော်လင့်မိပါကြောင်း . . . ခင်မြင့်မြင့်သန်း