Main menu

Background

ဈေးနှုန်းကျဆင်းလျက် အရောင်းအဝယ်အေးနေသော ပုသိမ်ဆိုင်ကယ်ဈေးကွက်

Sun, 09/25/2011 - 06:25 -- Anonymous (not verified)

ဈေးနှုန်းကျဆင်းလျက် အရောင်းအဝယ်အေးနေသော ပုသိမ်ဆိုင်ကယ်ဈေးကွက်                      ပြောင်းလဲလာသော ခေတ်နဲ့အညီ ယခင် ၄-၅ နှစ်ခန့်က ပုသိမ်မြို့တွင်းသွားလာရာတွင် စက်ဘီးများကိုသာ အဓိကအသုံးပြုလျက်နေရာမှာ ယခုအချိန်တွင် အချိန်ကုန်သက်သာပြီး၊ ခရီးတွင် ကျယ်မှုရှိသော မော်တော်ဆိုင်ကယ်များကို ပုသိမ်မြို့တွင်း မြို့နယ်များနဲ့ ကျေးရွာများတွင်လည်း နေရာအနှံ့အသုံးပြုလျက်ရှိပါတယ်။ ပုသိမ်ဈေးကွက်တွင် တရုတ်နိုင်ငံမှထုတ်လုပ်၍ လူကြိုက်များသော ကမ်ဘို ၁၁၀၊ လော်ဂျား ၁၁၀၊ ရိုးမရာဇာ Stream 110 ဆိုင်ကယ်ဈေးနှုန်းများမှာ ဇူလိုင်-သြဂုတ်လပိုင်းဈေးနှုန်းမှ ယခုစက်တင်ဘာလမှာ ဆိုင်ကယ်တစ်စီး ကျပ် နှစ်သိန်းခန့် ဈေးနှုန်း ကျဆင်းပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါတယ်။ တရုတ်နိုင်ငံထုတ် ကမ်ဘို ၁၁၀ လိုင်စင်ပါ ဆိုင်ကယ် တစ်စီးလျင် ယခင် ကျပ် ရှစ်သိန်းခွဲမှ ယခု ကျပ် ၆ သိန်း ၈သောင်း၊ လော်ဂျား ၁၁၀ မှာ ကျပ် ၈ သိန်း၊ ၈ သိန်းခွဲမှ ယခု ၆ သိန်း ၈ သောင်းကျပ်၊ ကမ်ဘိုဆူပါကပ် ယခင် ကျပ် ၇ သိန်းမှ ယခု ၅ သိန်းခွဲ၊ ၅သိန်း ၈ သောင်းဈေးနဲ့ ပခုက္ကူစက်မှုဇုန်ထုတ် ရိုးမရာဇာ Stream 110 ဆိုင်ကယ်မှာ ယခင် ကျပ် ၈ သိန်း ၃ သောင်းမှ ၇ သိန်း ၇ သောင်း ဈေးကျဆင်းပြီး ယခုအချိန် ၇ သိန်းဈေးသာရှိ ကြောင်းသိရပါတယ်။ ယိုးဒယားနိုင်ငံထုတ် Shogun Suzuki ဆိုင်ကယ်ဈေးနှုန်းမှာ ယခင် ကျပ် ၂၃ သိန်းမှ ယခုရောင်းဈေး ၁၇ သိန်းခွဲ၊ ၁၈ သိန်းဈေးနဲ့ ဈေးနှုန်းကျဆင်းလျက်ရှိပြီး၊ လူကြိုက်နည်းတဲ့ မာဘို၊ တွန်ဟွန်း၊ တိုယို၊ ဖီးလင်းဆိုင်ကယ်ဈေးနှုန်းမှာ ယခင်လိုင်စင်ပါ ကျပ် ၆ သိန်း၊ ၆ သိန်းခွဲမှ ယခုအချိန် ၄ သိန်းခွဲ၊ ၅ သိန်းကျပ်ဈေး အတွင်းသာရှိကြောင်း သိရပါတယ်။                  ပုသိမ်ဈေးကွက်တွင် ကမ်ဘို ၁၁၀၊ လော်ဂျား ၁၁၀၊ ဆူပါကပ်၊ ရိုးမရာဇာStream 110၊ Shogun Suzuki ဆိုင်ကယ်နဲ့ အခြားဆိုင်ကယ်မျိုးစုံ ရောင်းချလျက်ရှိတဲ့ Suzuki အရောင်းဆိုင်မှ ယခင် ပွင့်လင်းရာသီမှာ တစ်နေ့ ဆိုင်ကယ်အစီးရေ ၈၀-၁၀၀ ရောင်းချရသော်လည်း ယခုဆိုင်ကယ်ဈေးနှုန်းကျဆင်းချိန်မှာ တစ်နေ့အစီးရေ ၃၀-၄၀ခန့်သာရောင်းချမှုရှိကြောင်း၊ အရောင်းဆိုင်မှလည်း ဆိုင်ကယ် အသစ်များကို တစ်ဝက်လက်ငင်းချေ၊ တစ်ဝက် ၆ လအတွင်းပေးချေ ရသောစနစ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လောလောဆယ် ဆိုင် ကယ်ဈေးနှုန်းကျဆင်းချိန် ဝယ်လိုအား လျော့နည်းနေသော်လည်း ပွင့်လင်းရာသီမှာ ဆိုင်ကယ်ဈေးကွက် ပြန်လည်သွက်လက်လာတယ် လို့ ခန့်မှန်းကြောင်း ဈေးကွက်မှသိရပါတယ်။ မင်းမင်းဦး