Main menu

Background

၂၀၁၁-၁၂ အတွက် ကမ္ဘာ့သကြားပိုလျှံမှု တန်ချိန် ၉ ဒသမ ၁၆ သန်းကို လျော့ကျဖွယ်ရှိ

Sun, 09/25/2011 - 10:31 -- Anonymous (not verified)

၂၀၁၁-၁၂ အတွက် ကမ္ဘာ့သကြားပိုလျှံမှု တန်ချိန် ၉ ဒသမ ၁၆ သန်းကို လျော့ကျဖွယ်ရှိ                      ထုတ်လုပ်မှု ကျဆင်းဖွယ်ရှိတာကြောင့် အစောပိုင်းက ကမ္ဘာ့သကြားပိုလျှံမှုကို တန်ချိန် ၁၀ ဒသမ ၅၈ သန်းရှိမယ်လို့ ခန့်မှန်းထားရာမှ ၂၀၁၁-၁၂ အတွင်း တန်ချိန် ၉ ဒသမ ၁၆ သန်းကို ကျဆင်းဖွယ်ရှိတယ်လို့ ဆွစ်ဇာလန်အခြေစိုက် သုတေသနပညာရှင်Kingsman SA  က ပြောကြားပါတယ်။ အောက်တိုဘာလ ၁ ရက်မှာစတင်မယ့် ၂၀၁၁-၁၂ ရာသီအတွက် ကမ္ဘာ့ထုတ်လုပ်မှုရော စားသုံးမှုပါ လျော့ကျမယ်လို့လည်း ဆိုပါတယ်။ ဘရာဇီးနိုင်ငံရဲ့ သီးနှံထွက်ရှိမှု ပမာဏပေါ် မူတည်ပြီး ကမ္ဘာ့သကြားပိုလျှံမှုလည်းလျော့ကျနိုင်တယ်လို့ ဆိုပါတယ်။                        အဓိက ကြံစိုက်ပျိုးရာ နိုင်ငံများထဲမှ အထူးသဖြင့် ဘရာဇီးတောင်ပိုင်းမှာ အထွက်နှုန်း ကျဆင်းဖွယ် ရှိခြင်းကြောင့် ကမ္ဘာ့ထုတ်လုပ်မှုကျဆင်းမယ်လို့ ခန့်မှန်း ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ထိုင်း၊ တရုတ်နဲ့ အရှေ့အာဖရိက တစ်ခုလုံးမှ ထုတ်လုပ်မှုကျော်လွန်ဖွယ်ရှိတဲ့ အခြေအနေ မသေချာခြင်းအပေါ်လည်းထည့်သွင်း စဉ်းစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။                     ၂၀၁၁-၁၂ အတွက်တတိယအကြိမ် ခန့်မှန်းချက်အရ ကမ္ဘာ့သကြား ထုတ်လုပ်မှုကို အစောပိုင်းက တန်ချိန် ၁၇၆ ဒသမ ၃၃ သန်းခန့်မှန်းရာမှတန်ချိန် ၁၇၃ သန်းကို လျော့ကျခန့်မှန်းထားပါတယ်။ အလားတူ ၂၀၁၁-၁၂ အတွက် ကမ္ဘာ့ သကြားစားသုံးမှုမှာလည်း အစောပိုင်းက တန်ချိန် ၁၆၅ ဒသမ ၇၆ သန်း ခန့်မှန်း ထားရာမှ ကမ္ဘာ့သကြားဈေး ကြီးမြင့်ခြင်းနဲ့ ကမ္ဘာ့စီးပွားရေးနှေးကွေးခြင်းတို့ကြောင့် တန်ချိန် ၁၆၄ သန်းကိုလျော့ကျခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ၂၀၁၀-၁၁ စားသုံးမှုတန်ချိန် ၁၆၂ ဒသမ ၄၂ သန်းထက်ပိုမိုမယ်လို့တော့ ဆိုပါတယ်။ ယမင်းခင်၊Source: P T I