ရော်ဘာစိုက်ပျိုးရေးစီမံကိန်းများမှ ဆင်းရဲမှုလျှော့ချပေးနိုင် မလေးရှားရော်ဘာစက်မှုလုပ်ငန်းငယ်များ ဖွံ့ဖြိုးရေး အာဏာပိုင် (RISDA) ကစိုက်ပျိုးမှုအကောင်းဆုံး ဆာဘေ့ ဒေသမှာ ရော်ဘာစိုက်ပျိုးရေးမြှင့်တင်ရေး လှုပ်ရှားမှုများကို ကျေးလက်အဖွဲ့အစည်းများကြားမှာ ဆင်းရဲမှုလျှော့ချရေး အစီအစဉ်အဖြစ် ဆောင်ရွက်မယ်လို့သိရပါတယ်။(RISDA) ရဲ့ဥက္ကဋ္ဌက ရော်ဘာလုပ်ငန်းငယ်တွေကို အထောက်အပံ့ပေး ခြင်းကို ဆက်လက် အကောင်အထည်ဖော်မှာဖြစ်ပြီး အထူးသဖြင့် ကျေးလက်ဒေသများကိုအဓိကထားပြီး ထောက်ပံ့မှာ ဖြစ်တယ်လို့ ပြောကြားပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာ ရော်ဘာ စိုက်ဧရိယာဟက်တာ(၁)သန်းကိုရောက်ရှိဖို့ ကြိုးစားမှာဖြစ်ပြီး၊ ကမ္ဘာ့ရော်ဘာ ထုတ်လုပ်နိုင်မှုအများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့လည်း ၎င်းင်းက ပြောကြားခဲ့ပါတယ်။ ပြည်နယ်အစိုးရဆီကတုံ့ပြန်မှု အကောင်းဆုံးလည်းလိုအပ်ပြီး အေဂျင်စီတွေနဲ့စိုက်ပျိုးသူတွေပါဝင်ဆောင်ရွက်ဖို့လည်း လိုအပ်ကြောင်း ပြောကြားပါတယ်။(RISDA) အနေနဲ့ အစီအစဉ် အမျိုးမျိုး ချမှတ်ဆောင်ရွက်နေပြီး အားလုံးသော အစီအစဉ်တွေက ကျေးလက်က ရော်ဘာလုပ်ငန်းတွေအတွက် ရည်ရွယ်ကြောင်း သိရပါတယ်။ ကျေးလက်ဒေသကို အဓိကထားရတဲ့ အကြောင်းရင်းကတော့ လုပ်ငန်းငယ်တွေက ကျေးလက်မှာပဲရှိပြီး ဆင်းရဲမွဲ တေမှုနှုန်းလည်း မြင့်မားကြောင်းသိရပါတယ်။ ဒီလိုဆောင်ရွက်တာက (RISDA) ရဲ့ စည်းမျဉ်းတစ်ခုဖြစ်ပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်လည်း ဖြစ်ကြောင်းသိရပါတယ်။ မလေးရှား Sabah ဒေသမှာ ရော်ဘာစိုက်ဧရိယာ ဟက်တာ(၇) သောင်းရှိပြီး နှစ်စဉ် မက်ထရစ်တန် (၆) သောင်းထုတ်လုပ်ကြောင်း ရော်ဘာ Sabah စက်မှု အသင်း (LIGS) ကပြောကြား ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ ထုတ်လုပ်မှုကျဆင်းနေပြီး (LIGS) ရဲ့ဆောင်ရွက်ချက်ကတော့ ၂ ဆတက်ခဲ့ကြောင်း သိရပါတယ်။ အစိုးရအနေနဲ့(LIGS) နဲ့ (RISDA) တို့လိုအဖွဲ့အစည်းတွေက အထောက်အပံ့တွေပေးခဲ့ကြောင်းလည်း သိရပါတယ်။ မကြာသေးမီက ကျင်းပပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ စိုက်ပျိုးရေးနဲ့ အစားအစာ ဒုတိယဝန်ကြီးကလည်း အစိုးရအနေနဲ့Sabah ဒေသမှ ရော်ဘာဈေးနှုန်းကို အထောက်အပံ့ပေးသင့်ကြောင်းပြောကြားခဲ့ပါတယ်။ ပြည်နယ်အစိုးရကနေ LIGS ကို ချေးငွေရင်းဂစ် သန်း(၆၀)ထုတ်ပေးမယ်လို့လည်း ကြေညာခဲ့ပါတယ်။ ရော်ဘာ စိုက်ပျိုးရေး စီမံကိန်းအကောင်အထည်ဖော်မှုဟာ ကျေးလက်အဖွဲ့အစည်းတွေအတွက် အကျိုးကျေးဇူးကြီးမားမှာဖြစ်ပြီး စိုက်ပျိုးရေး နည်းပညာနဲ့ ဈေးကွက်ဈေးနှုန်း အားကောင်းလာတာကြောင့် ရော်ဘာ စိုက်ပျိုးသူတွေရဲ့ ဝင်ငွေတိုးလာပြီး နိုင်ငံတစ်ဝန်းလုံး အတွက် အကျိုးရှိမှာဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ Source:Internet,KZW
Background