Main menu

Background

ကာလတူထက်ရော အနီးစပ်ဆုံးကာလထက်ပါ သြဂုတ်လမှာ မူဆယ်မှ ပြောင်းအပို့ပို

Sun, 09/25/2011 - 10:45 -- Anonymous (not verified)

ကာလတူထက်ရော အနီးစပ်ဆုံးကာလထက်ပါ သြဂုတ်လမှာ မူဆယ်မှ ပြောင်းအပို့ပို                    သြဂုတ်လမှာ ကန်ဒေါ်လာ ၁၁ ဒသမ ၇၅၀ သန်းတန်ဖိုးရှိပြောင်း ၄၁၉၈၁ တန် တင်ပို့မှုရှိပြီး ယမန်နှစ်ကာလတူထက် ၂၂၈၄၄ တန်နဲ့ အနီးစပ်ဆုံးကာလ ဇူလိုင်လထက် ၇၄၈ တန်ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လထိကာလမှာ ကန်ဒေါ်လာ ၅၅ ဒသမ ၃၆ သန်းတန်ဖိုးရှိပြောင်း တန်ချိန် ၂၀၁၄၀၀ ကျော်အပို့ရှိခဲ့ပါတယ်။ ပြည်တွင်းဈေး၊ သယ်ယူစရိတ်နဲ့ အခွန် အခအရ အရင်းကျသင့်ငွေများပြီး အကျိုးအမြတ်နည်း၍ ယခင်လထက် တင်ပို့မှု အနည်း ငယ်သာ ပိုမိုခဲ့ရပါတယ်။ ယခုလက်ရှိမူဆယ်မှ တင်ပို့နေတဲ့ပြောင်းတွေဟာ မန္တလေး၊ သီပေါနဲ့ တောင်ကြီးတို့က ပြောင်းလက်ကျန်များ တင်ပို့နေတာဖြစ်ပါတယ်။ ယခု ဘဏ္ဍာနှစ်မှာ တရုတ်ပြည်အတွင်းပိုင်းဒေသအချို့မှာ ရာသီဥတုဖောက်ပြန်တဲ့ အတွက် ပြောင်းအထွက်နည်းတာကြောင့်မို့ မိမိတို့ ပြောင်းကို ဝယ်လိုအားရှိနေတာ ဖြစ်ပါတယ်။ မိမိတို့ဘက်မှာတော့ ပြောင်းအထွက်များပြီး အစောပိုင်း ကာလများက သယ်ယူပို့ဆောင်ခ သက်သာခဲ့ခြင်းနဲ့ ယခုအခါ အခွန်နှုန်းထားများ လျှော့ချပေး လိုက်ခြင်းတို့ကြောင့် တင်ပို့မှုပိုမိုနေတာဖြစ်ပါတယ်။                   ယခုလ ပြည်တွင်းပြောင်းဖူးစေ့ ဈေးနှုန်းများကတော့ ပြောင်း (စီပီ) ၁၆၄၄၃၉- ၁၈၇၁၂၀၊ ပြောင်း(ရှမ်း) ၁၅၀၈၃၀-၁၈၁၄၅၁ ကျပ်နဲ့ ပြောင်း (ဗမာ) ၁၄၇၄၂၈ - ၁၆၄၄၃၉ ကျပ် အသီးသီးဖြစ်ပြီး ရွှေလီဈေးကတော့ ၁ တန်ကို ယွမ် ၁၈၈၀ မှ ၁၉၀၀ ထိရှိပါတယ်။MIRT(DOBT)