Main menu

Background

မသေချာတဲ့ ဝယ်လိုအား အလားအလာအရ စားအုန်းဆီကြမ်းဈေးကျဆင်း

Mon, 09/26/2011 - 04:44 -- Anonymous (not verified)

မသေချာတဲ့ ဝယ်လိုအား အလားအလာအရ စားအုန်းဆီကြမ်းဈေးကျဆင်း                              လာမယ့်လများအတွင်း မသေချာတဲ့ ဝယ်လိုအားကြောင့် ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးကျဆင်းခဲ့တယ်လို့ ကုန်သည်များက စက်တင်ဘာလ ၈ ရက်နေ့မှာပြောကြားပါတယ်။ နိုဝင်ဘာလ အခြေခံစံနှုန်း စားအုန်း ဆီကြမ်းဈေးက ယခင်ရက်ထက် ၀ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန် ကို ရင်းဂစ် ၃၀၂၃ (ကန်ဒေါ်လာ ၁၀၀၈)ဈေးဖြစ်ခဲ့ပါတယ်။                          အဓိက ဝယ်လက်ထဲမှာပါဝင်တဲ့ တရုတ်နိုင်ငံမှာ သိုလှောင်လက်ကျန်များနေ တာကြောင့် ဝယ်ယူမှုနဲ့ သင်္ဘောတင်ပို့မှု နှေးကွေးဖွယ်ရှိလို့ စက်တင်ဘာလ ပထမ ၁၀ ရက်အတွက် ပြည်ပတင်ပို့မှု နည်းလိမ့်မယ်လို့ ကွာလာလမ်ပူရှိကုန်သည်တစ်ဦး က ပြောကြားပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ အောက်တိုဘာလ ၁ ရက်မှာ အကျုံးဝင်မယ့် စားအုန်းဆီကြမ်းနဲ့ စားအုန်းဆီထုတ်ကုန်များအပေါ် ပြည်ပတင်ပို့ခွန် စနစ်အသစ်ချမှတ်ပြီးတဲ့နောက် မလေးရှားနိုင်ငံရဲ့ သန့်စင်ပြီး ဆီအုန်းထုတ်ကုန်များ ရောင်းချမှုကိုလည်း ထိခိုက်ဖွယ်ရှိတယ်လို့ ကုန်သည်များက ဆိုပါတယ်။                      အင်ဒိုနီးရှားက စားအုန်းဆီအနိမ့်ဆုံး ပြည်ပတင်ပို့ခွန်ကို ၂၅ ရာခိုင်နှုန်း မှ ၂၂ ဒသမ ၅ ရာခိုင်နှုန်းကိုလည်းကောင်း၊ သန့်စင်ပြီး ဆီအုန်းထုတ်ကုန်များအတွက် ၂၅ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းကိုလည်းကောင်း လျှော့ချမှာ ဖြစ်ပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားက ပိုမိုတင်ပို့နိုင်လိမ့်မယ်လို့လည်း ကုန်သည်တစ်ဦးက ဆိုပါတယ်။ စားအုန်းဆီ ရာသီအရ ထုတ်လုပ်မှု မြင့်တက်တဲ့အချိန် ဒုတိယနှစ်ဝက်အတွင်း ဝယ်လိုအားကျဆင်းမှုက သိုလှောင်မှုပမာဏကို မြင့်တက်စေပြီး၊ စားအုန်းဆီဈေး ကိုလည်း ထပ်မံကျဆင်းစေနိုင်ပါတယ်။ ၂၀၁၁ ခုနှစ် စပိုင်းကနေလက်ရှိ အချိန်ထိ စားအုန်းဆီဈေး ၂၂ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီလိုဆိုပါတယ်။                          သြဂုတ်လအတွင်း အလုပ်သမားနားရက်တွေကြောင့် စားအုန်းဆီထုတ်လုပ်မှု တန်ချိန် ၁ ဒသမ ၆၈ သန်း - ၁ ဒသမ ၇၃ သန်းခန့်ရှိလို့ ဇူလိုင်လအတွင်းမှာ တန်ချိန် ၁ ဒသမ ၇၅ သန်းနဲ့ နှိုင်းယှဉ်ရင် လျော့ကျခဲ့ပါတယ်။ ဒါပေမယ့် ထုတ်လုပ်မှုကျဆင်းခြင်းဟာ ယာယီမျှသာဖြစ်နိုင်ပါတယ်။ ယခုလအတွင်း ရိတ်သိမ်း ခူးဆွတ်မှု အရှိန်ပြန်ရလာပြီလို့ စားအုန်းဆီ ထုတ်လုပ်သူများက ဆိုပါတယ်။ လက်ငင်းဈေးကွက်မှ မလေးရှား FOB ဈေးဟာ အောက်တိုဘာလအတွက် သန့်စင်ပြီး စားအုန်းဆီ တစ်တန် ကန်ဒေါ်လာ ၁၁၃၀၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအတွက် ဈေးက ကန်ဒေါ်လာ ၁၀၉၀ ရှိတယ်လို့ သိရပါတယ်။ ချက်ချင်း တင်ပို့မယ့် စားအုန်းဆီကြမ်းလက်ငင်းဈေးက တစ်တန် ရင်းဂစ် ၃၀ လျော့ကျပြီး၊ ရင်းဂစ် ၃၁၂၀ (ကန်ဒေါ်လာ ၁၀၄၀)ဈေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com