Main menu

Background

ပြည်တွင်း နို့ဆီ လက်လီဈေးများ

Mon, 09/26/2011 - 04:48 -- Anonymous (not verified)

DAWN နဲ့ OK နို့ဆီတင်သွင်း                    ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ စက်တင်ဘာပထမသီတင်းပတ် အတွင်း နို့ဆီတန်ချိန် ၆၁၂ ဒသမ ၉၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်း ကျော်ဖိုးကိုတင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ စင်ကာပူနိုင်ငံထုတ် DAWN တံဆိပ်နဲ့ OK တံဆိပ်နို့ဆီ များကို တင်သွင်းခဲ့ပါတယ်။DAWN တံဆိပ်နို့ဆီ ၂၇၉ ဒသမ ၅၀ တန်နဲ့ OK တံဆိပ်နို့ဆီ ၃၃၃ ဒသမ ၄၇ တန် မှာယူတင်သွင်းဖြစ်ပါတယ်။ ယခင် သီတင်းပတ်တန်ချိန် လေးရာကျော်တင် သွင်းခဲ့ပြီး ဒီတစ်ပတ်မှာလည်း သွင်းအားကောင်းစွာနဲ့ တန်ချိန်ခြောက်ရာ ကျော်ထိ မှာယူတင်သွင်းခဲ့တာ တွေ့ရ ပါတယ်။ ဒီတစ်ပတ်မှာတော့ နို့စိမ်း အသွင်း နားခဲ့ပါတယ်။                         လချုပ်အနေနဲ့ ဇူလိုင်လရဲ့ နို့ဆီ/စိမ်း အဝင်စုစုပေါင်းမှာ တန်ချိန်နှစ်ထောင် ကျော်ရှိခဲ့ပြီး သြဂုတ်လရဲ့ အဝင်စုစုပေါင်းမှာ တန်ချိန်တစ်ထောင့်လေးရာ ကျော်သာရှိခဲ့တာကြောင့် သြဂုတ်လမှာ နို့ဆီ/စိမ်း အဝင်အားလျော့ခဲ့ပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ နယူးဇီလန်၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့မှ တင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်နို့မှုန့်အဝင်မှာ တန်ချိန် ၅၇ တန်ကျော်ရှိခဲ့ပြီး ယခင် သီတင်းပတ် ၂၃ တန်ကျော်သာရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၃၀ ကျော်လောက် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။MIRT (DOT) နယ်စပ်မှ နို့ဆီ အသွင်းပို                  နို့မှုန့်နဲ့ နို့စိမ်း အသွင်းလျော့ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၆ ရက်ထိကာလအတွင်း မူဆယ်နယ်စပ် မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၇ သန်းတန်ဖိုးရှိ နို့မှုန့် ၄၄ ဒသမ ၅ တန် အသွင်းရှိခဲ့ပြီး ယခင်အပတ်ကထက် ၁၅ တန်ကျော် တင်သွင်းမှု လျော့နည်း ခဲ့ပါတယ်။ ကော့သောင်းနယ်စပ်မှ ကန် ဒေါ်လာ သုည ဒသမ ၀၅၂ သန်းတန် ဖိုးရှိ နို့ဆီ ၅၅ တန်ခန့်(၂၉၀၀ သေတ္တာ) နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၃၂သန်း  တန်ဖိုးရှိ နို့စိမ်း ၁၃၈ တန် (၇၂၅၀ သေတ္တာ) အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့ဆီ ၉ တန် ပိုမိုတင်သွင်းခဲ့ပြီး နို့စိမ်း ၁၂၅ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ                   နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး        ကျပ်/တစ်ဘူး                              ရန်ကုန် မန္တလေးဒွန်း( နို့ဆီ )                 ၆၈၀     ၇၀၀ဒွန်း( နို့စိမ်း)                ၆၂၀     ၆၅၀Falcon နို့ဆီ                ၅၂၀      -Falcon နို့စိမ်း              ၄၉၀      -ဝမ်းတီးနို့ဆီ                ၆၄၀    ၆၅၀အိုကေ( နို့ဆီ)             ၆၆၀    ၆၇၅အိုကေ( နို့စိမ်း)           ၆၆၀     ၆၇၅MIRT (DOT)