ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ်ဘိလပ်မြေ အများဆုံးတင်သွင်း စက်တင်ဘာ ပထမပတ်အတွင်း ဘိလပ်မြေတန်ချိန် ၁၂၇၅၀ ဒသမ ၈၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၀၈၂၁၅၈ ဖိုးကို ပင်လယ်ရေကြောင်းလမ်း ကနေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ဘိလပ်မြေမှာ ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ်ဘိလပ်မြေ ၁၂၇၃၉ ဒသမ ၈၄ တန်နဲ့ အခြားတံဆိပ်ဘိလပ်မြေ တန်ချိန် ၁၁ ဒသမ ၀၃ တန်ကို တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ဆင်တံဆိပ်ဘိလပ် မြေကို အများဆုံးတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်တန်ချိန် နှစ် သောင်းသုံးထောင်နီးပါးတင်သွင်းနိုင်ခဲ့ပေမယ့် ဒီသီတင်းပတ်မှာ တန်ချိန်တစ်သောင်း နှစ်ထောင်ကျော်သာ တင်သွင်းနိုင်ခဲ့တာကြောင့် ဘိလပ်မြေလျော့နည်းပြီး တင်သွင်း ခဲ့တာတွေ့ရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇူလိုင်လရဲ့ ဘိလပ်မြေအဝင် စုစုပေါင်းမှာ တန်ချိန်တစ်သိန်းလေးသောင်းကျော်ရှိခဲ့ပြီး သြဂုတ်လရဲ့ ဘိလပ်မြေ အဝင်စုစုပေါင်းမှာ တန်ချိန် တစ်သိန်းငါးသောင်းကျော်ရှိခဲ့တာကြောင့် သြဂုတ်လမှာ ဘိလပ်မြေတန်ချိန် တစ်သောင်းကျော်လောက်အဝင်ပိုခဲ့ပါတယ်။MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ ပိုမိုအသွင်းရှိ စက်တင်ဘာလပထမပတ်မှာ နယ်စပ်စခန်းများဖြစ်တဲ့ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မြိတ်နယ်စပ်တို့မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၅ သန်း တန်ဖိုးရှိတဲ့ ဘိလပ်မြေ ၁၃၇၅တန်ခန့် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၀၀ နီးပါးပိုမိုတင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ တာချီလိတ်မှ တန် ၇၉၀ ၊ ကန်ပိုက်တီးမှ တန် ၄၀၀ နဲ့ မြိတ်မှ ၁၈၅ တန် အသီးသီးတင်သွင်းခဲ့ တာဖြစ်ပါတယ်။ မြိတ်မှ ယခင်အပတ် တင်သွင်းမှုထက် လျော့နည်းခဲ့သော်လည်း ကန်ပိုက်တီးနဲ့ တာချီလိတ်နယ်စပ်တွေမှာ ယခင်အပတ်ကထက် တင်သွင်းမှု ပိုမိုခဲ့ ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ပြည်နယ် ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၇၀၀ ၄၇၀၀ (လက်ကား) ဘိလပ်မြေ (စိန်) ၄၆၇၅ ၄၆၇၅ ဘိလပ်မြေ (မောင်းတိန်း) ၄၆၀၀ ၄၆၀၀ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၀၀၀ ၅၇၀၀ ဘိလပ်မြေ (AAA) ၅၅၀၀ ၅၃၀၀ ဘိလပ်မြေ(မြန်မာဆင်) ၅၀၀၀ ၅၂၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၃၀၀ ၄၂၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၁၀၀ ၅၂၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၆၀၀ ၄၃၀၀ တောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၆၀၀၀ ၆၀၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၅၀၀၀ ၅၀၀၀ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၅၇၀၀ ၅၅၀၀ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၀၀၀ ၆၀၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၄၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၉၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၃၀၀ ၅၃၀၀ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၂၅၀ ၅၂၅၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၆၅၀ ၃၆၅၀ ဘိလပ်မြေ(စိန်)ထိုင်း ၅၁၀၀ ၅၁၀၀ မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၉၀၀ ၆၄၅၀
Background