ဗီယက်နမ်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့မှ ဓာတ်မြေသြဇာတင်သွင်း စက်တင်ဘာပထမပတ်အတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၄၇၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်း မှတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာများမှာ ဗီယက်နမ်နိုင်ငံမှ ယူရီးယားမြေသြဇာ တန်ချိန် ၃၀၀၊ ရုရှားနိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် ၅၀၄ နဲ့ တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် ၆၇၅ တန်အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် နှစ်ထောင့်သုံးရာကျော် တင်သွင်းနိုင်ခဲ့ပေမယ့် ဒီတစ်ပတ် တန်ချိန်တစ်ထောင့်လေးရာကျော်တင်သွင်းခဲ့တာကြောင့် ဒီသီတင်းပတ် မှာတန်ချိန် ရှစ်ရာကျော် လျော့နည်းပြီးတင်သွင်းခဲ့တာ တွေ့ရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇူလိုင်လရဲ့ ဓာတ်မြေသြဇာတင်သွင်းမှု စုစုပေါင်းမှာ တန်ချိန် လေးထောင့်ငါးရာကျော်ရှိခဲ့ပြီး သြဂုတ်လရဲ့ ဓာတ်မြေသြဇာ တင်သွင်းမှုမှာ တန်ချိန်ရှစ်ထောင့်ငါးရာကျော် ရှိခဲ့တာကြောင့် သြဂုတ်လမှာ ဓာတ် မြေသြဇာအဝင် အားကောင်းခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT) ယခုအပတ် နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၂၄၀၀၀ ကျော်အသွင်းရှိ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၆ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ် ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်၊ ကော့သောင်းနဲ့ ကန်ပိုက်တီးနယ်စပ် စခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၈၅၃သန်း တန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၂၄၁၄၉ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၅၁၀၀ ခန့် ပိုမိုတင်သွင်း နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုကိုကြည့်လျင် မူဆယ်မှ ၂၃၁၆၉ တန် ကျော်၊ ချင်းရွှေဟော်မှ တန် ၂၀၀၊ ကော့သောင်းမှ ၆၇၁ တန်နဲ့ ရိဒ်မှ ၁၀၉ တန် ခန့် အသီးသီးတင်သွင်းခဲ့တာဖြစ်ပါတယ်။ မူဆယ်မှ ၄၁၆၆ တန်နဲ့ ရိဒ်မှ ၄၆ တန် လည်း ပိုမိုတင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ် အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ စင်ဂဲလ်စူပါဖော့ စဖိတ်၊ ကွန်ပေါင်း (၁၀း၁၀း၅)၊ တီစူပါဖော့စဖိတ်နဲ့ ကွန်ပေါင်း (၁၅း၅း၅) တို့ဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် ရန်ကုန်တိုင်းဒေသကြီးအမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု (မာလာမြိုင်) ပိုတက် (ထိုင်း) ၃၂၅၀၀ ၃၂၅၀၀ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၂၅၀၀ ၂၀၅၀၀ တီဆူပါ (သံကွင်း-တရုတ်) ၂၅၃၀၀ ၂၇၅၀၀ ပိုတက် (တရုတ်) ၂၃၅၀၀ ၂၂၈၀၀ မန္တလေးတိုင်းဒေသကြီးယူရီးယား(တရုတ်-ရွှေတောင်) ၁၈၅၃၀ ၁၉၁၃၀ ယူရီးယား(ပန်းဖူး-တရုတ်) ၁၉၈၃၀ ၁၉၈၃၀ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) ၂၄၁၃၀ ၂၄၁၃၀ တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၅၀၀ ၂၀၅၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၁၀၀၀ ၂၀၅၀၀ ယူရီးယား (ယူအေအီး-တရုတ်) ၁၉၀၀၀ ၁၉၀၀၀ ကုလားအုတ် (တရုတ်) ၂၃၅၀၀ ၂၃၅၀၀ တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၉၀၀၀ ၂၀၀၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) - ၂၀၅၀၀ - ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၁၉၀၀၀ ၂၀၀၀၀ တီစူပါ-(တရုတ်) 12% ၁၀၅၀၀ ၉၅၀၀ တီစူပါ-(တရုတ်) 16% ၁၁၀၀၀ ၁၀၀၀၀ တီစူပါ 15:15:15(တရုတ်) ၃၆၀၀၀ ၃၅၅၀၀ တီစူပါ 10:10:5(တရုတ်) ၁၅၀၀၀ ၁၆၅၀၀ ပိုတက် (တရုတ်) ၂၀၅၀၀ ၂၁၀၀၀ ဓာတ်ဆား (တရုတ်) ၁၇၀၀၀ ၁၆၅၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၁၀၀၀ ၂၁၀၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၁၀၀၀ ၂၁၀၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၁၀၀၀ ၂၁၀၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၂၇၀၀ ၃၂၀၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၂၈၅၀၀ ၂၈၅၀၀
Background