Main menu

Background

အတက် အကျများနဲ့ မန်းဘိလပ်မြေ ဈေးကွက်

Mon, 09/26/2011 - 07:54 -- Anonymous (not verified)

အတက် အကျများနဲ့ မန်းဘိလပ်မြေ ဈေးကွက်                 အိမ်ဆောက်ပစ္စည်းများမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ မန္တလေးဘိလပ်မြေဈေးဟာ အတက်အကျတွေ ရှိခဲ့ပါတယ်။ နယ်စပ် ဒေသတွေမှာ ဘိလပ်မြေအဝင်နည်းပြီး ပင်လယ်ရေကြောင်းမှ အဝင်များတာကို တွေ့ရပါတယ်။ သြဂုတ်လလယ်မှာရှိတဲ့ ဘိလပ်မြေဈေးနှုန်းနဲ့ ယခုလလယ်ဘိလပ်မြေဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက ပြည်တွင်း ဖြစ် ဘိလပ်မြေဈေးဟာ ၂၀၀ ကျပ်မှ ၄၀၀ ကျပ်ထိကျဆင်းတာကို တွေ့ရပြီး ၁၀၀ ကျပ် မှ ၃၀၀ ကျပ်အထိ မြင့်တက်သွားတဲ့ အမျိုးအစားလည်းတွေ့ရပါတယ်။                ထိုင်းနိုင်ငံကတင်သွင်းတဲ့ (စိန်)တံဆိပ်ဘိလပ်မြေဟာ ယခင်လမှာ ဈေးကွက်တွင်ဝင်ရောက်မှုမရှိဘဲ ယခုလမှာ ပြန်လည် ဝင်ရောက်ပြီး၊ ဈေးနှုန်းကွာဟချက်နည်းတာကိုတွေ့ရပါတယ်။ (ဆင်)တံဆိပ် ထိုင်းဘိလပ်မြေ ဈေးကတည်ငြိမ်ပြီး အတက်အကျ ၁၀၀ ခန့်သာ ရှိပါတယ်။ မိုးရွာသွန်းမှုနည်းလာတဲ့အတွက် အရောင်းအဝယ်ပုံမှန်ပြန်ဖြစ်လာပြီး ပြည်ပကတင်သွင်းတဲ့ ဆင်တံဆိပ် (ထိုင်း)၊ စိန်တံဆိပ် (ထိုင်း) ဘိလပ်မြေဈေးကွာရခြင်းမှာ လမ်းခရီးသယ်ယူမှုစရိတ်များကြောင့်ဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ် ယခင်လနဲ့ ယခုလပြည်တွင်းဖြစ် ဘိလပ်မြေဈေးကို ဖော်ပြလိုက်ပါတယ်-                                   သြဂုတ် ၂၀ ရက်          စက်တင်ဘာ ၂၀ ရက်              အတိုး/အလျော့(၁) အေသုံးလုံးတံဆိပ်            ၅၄၅၀                           ၅၂၀၀                           ၂၅၀ ကျပ်(၂) မြန်မာဆင်                      ၄၈၅၀                           ၅၀၀၀                            ၁၅၀ ကျပ်(၃) ဆင်မင်း                          ၄၃၀၀                          ၄၀၀၀                             ၃၀၀ ကျပ်(ကျောက်ဆည်)(၄) မြင်းခေါင်း                      ၄၆၀၀                           ၄၂၀၀                             ၄၀၀ ကျပ်(၅) ကျားခေါင်း                     ၅၂၀၀                            ၅၀၀၀                            ၂၀၀ ကျပ်            မြန်မာဆင်တံဆိပ် တစ်မျိုးတည်းသာ ဈေးအနည်းငယ်မြင့်ပြီး ကျန်တံဆိပ် ဘိလပ်မြေများ ဈေးနှုန်းကျဆင်းတာကို တွေ့ရပါတယ်။ လွင်လွင်အေး