အရောင်းသွက်တဲ့ မန်းပြောင်း မန်းဈေးကွက်သို့ ရွှေဘို၊ ကန့်ဘလူ၊ မြစ်ကြီးနားဒေသများအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို ဒေသများမှထွက်ရှိတဲ့ ပြောင်းဖူးစေ့ အသစ်များဝင်ရောက်နေပါတယ်။ ပြောင်းဖူးစေ့အသစ်အဝင်မလှိုင်သေး သော်လည်း လှောင်လက် သမားများမှလည်း ထုတ်ရောင်းနေကြပါတယ်။ တရုတ်ဝယ်လိုအားအပြင် ဒေသ တွင်း အစာစပ်လုပ်ငန်းရှင်များမှလည်း ပုံမှန်ဝယ်ယူမှုရှိနေတာကြောင့် အရောင်း သွက်ပြီး၊ ဈေးမြင့်လာပါတယ်။ ယခင်တစ်ပတ် ပြောင်းဖူစေ့(ရှမ်း)တစ်ပိဿာ ၃၀၆ ကျပ်၊ ပြောင်းဖူးစေ့(ဗမာ) ၂၀၇ ကျပ်၊ CP ပြောင်း ၃၁၅ ကျပ်၊ အထွက်တိုးပြောင်း ၃၂၁ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာတော့ ပြောင်းဖူးစေ့(ရှမ်း- ဗမာ) တစ်ပိဿာ ၃၄၃ ကျပ်၊ အထွက်တိုးပြောင်း ၃၇၇ ကျပ်၊ CP ပြောင်း ၃၄၃ ကျပ်ဈေးရှိပြီး၊ ယခင်အပတ်ထက်ဈေးမြင့် လာတာကိုတွေ့ရပါတယ်။ဈေးကွက် အတွင်းသို့ ပြောင်းဖူးစေ့အသစ်များ ဝင်ရောက်မှုရှိ နေသော်လည်း ပစ္စည်းအဝင် မလှိုင်သေးတာရယ်၊ ပစ္စည်း အဟောင်းလက်ကျန်ကလည်း နည်းလာပြီဖြစ်တဲ့ အ တွက် ပြောင်းဖူးစေ့ ဈေးကွက်ဟာ ဈေးအေးမသွားနိုင်ဘဲ ဆက်ပြီးတော့ အရောင်းသွက် ဈေးမြင့်နေဦးမယ်လို့ ကုန်သည်များက ပြောပါတယ်။ ကျော်ကျော်မိုး
Background