Main menu

Background

တရုတ်နိုင်ငံရဲ့ စုံစမ်းစစ်ဆေးမှုတွေကြောင့် ဗီယက်နမ်ရော်ဘာတင်ပို့မှု ရပ်ဆိုင်း

Mon, 09/26/2011 - 08:33 -- Anonymous (not verified)

တရုတ်နိုင်ငံရဲ့ စုံစမ်းစစ်ဆေးမှုတွေကြောင့် ဗီယက်နမ်ရော်ဘာတင်ပို့မှု ရပ်ဆိုင်း                    တရုတ်ရဲ့ နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့် ရော်ဘာတင်သွင်းရာမှာ တင်းကျပ်တဲ့ မူဝါဒတွေကြောင့် ဗီယက်နမ်ရဲ့ ရော်ဘာတင်ပို့မှု ရပ်ဆိုင်းလျက်ရှိကြောင်း သတင်းရရှိပါတယ်။ တရုတ်ဖက်မှ ကုန်သည်တွေက ရံဖန်ရံခါသာ ရော်ဘာကို ဝယ်ယူကြပြီး ဇူလိုင်လနောက်ပိုင်းကတည်းက ဗီယက်နမ် ရဲ့ရော်ဘာတင်ပို့မှုရပ်ဆိုင်းခဲ့ကြောင်း Sai Gon Marketing သတင်းစာ အရ သိရှိရပါတယ်။ နယ်စပ်စခန်းရှိ တရုတ်အကောက်ခွန်စစ်ဆေးရေး အရာရှိ တွေနဲ့ ရဲတွေက ဗီယက်နမ် ရော်ဘာတင်ပို့သူတွေဆီမှ တရုတ် ကုန်သည်တွေ ရော်ဘာဝယ်ယူခြင်းမှ ကာကွယ်ဖို့အတွက် အကောက်ခွန်ရှင်းလင်းခွင့် လိုင်စင်တွေကို ခွင့်ပြုမပေးကြောင်း ဗီယက်နမ် Binh Long Rubber Company  ရဲ့ ခေါင်း ဆောင် Le Van Xuong ကပြောကြားခဲ့ပါတယ်။                  တရုတ်က ရော်ဘာတင်သွင်းမှုကို ထိန်းချုပ်ထားနိုင်ဖို့အတွက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးမှာ ၎င်းင်းမူဝါဒတွေ ရံဖန်ရံခါ ကျင့်သုံးလျက်ရှိရာ ဗီယက်နမ်ကုန်သည်တွေအနေနဲ့ ရိုးနေပြီဖြစ်ကြောင်း ဗီယက်နမ်ရော်ဘာအသင်း အထွေထွေအတွင်းရေးမှူး Tran Thi Thuy Hoa ကလဲ ပြောကြားပါတယ်။                     ၎င်းင်းမူဝါဒတွေက ရော်ဘာတင်ပို့မှုဈေးနှုန်းတွေလျှော့ချဖို့လည်း ရည်ရွယ်ကြောင်းနဲ့ ရော်ဘာဈေးနှုန်းတွေက ယခုနှစ် အစောပိုင်းကတည်းက အရှိန်အဟုန်နဲ့ မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်နိုင်ကြောင်း ၎င်းင်းက ဆိုပါတယ်။ ဒါကြောင့် သြဂုတ်လလယ်မှာ တရုတ်ရဲ့ ရော်ဘာတင်ပို့တဲ့ဈေးနှုန်းတွေက တစ်တန်ကို ကန်ဒေါ်လာ ၄၉၂၁ ကို လျော့ကျသွားခဲ့ကြောင်း သိရှိရပါတယ်။ မကြာသေးခင်နှစ်တွေက ဗီယက်နမ်ရော်ဘာတင်ပို့သူတွေက တရုတ်ကို တရားဝင်တင်ပို့မှုလမ်းကြောင်းမှ တင်ပို့ဖို့ ကြိုးစား ခဲ့ကြရာ ၎င်းင်းလမ်းကြောင်းက အခွန်နှုန်းထားကြီးမြင့်မှုကြောင့် ပမာဏများစွာ မတင်ပို့နိုင်ကြောင်း Tran Thi Thuy Hoa ရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။                    တရုတ်မှ ရော်ဘာတင်သွင်းသူတွေက တရားဝင်လမ်းကြောင်းမှ တင်သွင်းရင် အခွန် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရ သော် လည်း နယ်စပ်မှဖြတ်ကျော်တင်သွင်းရာမှာ အခွန်ပေးဆောင်စရာမလိုကြောင်းနဲ့ တရုတ်က ဗီယက်နမ်ရော်ဘာ တင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းနဲ့ ၆၅ ရာခိုင်နှုန်းကို နေရာရရှိထားပါတယ်။ယခုနှစ် သြဂုတ်လအထိ ဗီယက်နမ်က တရုတ်ကို ရော်ဘာတန်ချိန် ၄၄၉၀၀၀ ကိုတင်ပို့နိုင်ခဲ့ပြီး ကန် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံရရှိခဲ့ကြောင်း ဗီယက်နမ်ရော်ဘာအသင်းရဲ့ စာရင်းအရ သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊Source:rubbermarketnews.net