Main menu

Background

ပရဆေးတင်ပို့မှု ပမာဏလျော့

Mon, 09/26/2011 - 08:48 -- Anonymous (not verified)

ပရဆေးတင်ပို့မှု ပမာဏလျော့                   စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၅၇၅ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းများ ၃၁၄ တန်ခန့် တင်ပို့မှု ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ် က တင်ပို့ခြင်းမရှိတဲ့ ချဉ်ပေါင်ဖာလာ (အခွံပါ၊ အခွံမပါ) ၊ နေလဲစေ့၊ စကား ပန်းပွင့်ခြောက်၊ ရှားစေး၊ နနွင်းခေါင်းတို့ တင်ပို့မှုရှိခဲ့ပြီး ဝဥခြောက်နဲ့ ကြောင်ပန်းစေ့ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မိကျောင်းကွမ်းဖတ်စေ့၊ နနွင်းတက် (ရှမ်းစ)နဲ့ ကွမ်းစားဂမုန်း အပို့လျော့ခဲ့ပြီး ငရုတ်ကောင်း၊ အုံတုံခေါက်၊ မုတ်ခါး၊ ဆေးမြင်းခွာ၊ မာလာဥ၊ တောဂျင်း၊ ကြောင်လျာစေ့၊ တောဂျူးမြစ်နဲ့ တောင်လုံးကျော်တို့ ယခုအပတ်မှာ အပို့မရှိ ခဲ့ပါဘူး။ဒါ့ကြောင့် ယခုအပတ်မှာ ယခင်အပတ်ကထက် ပရ ဆေး ကုန်ကြမ်းတင်ပို့မှု တန်ချိန် ၈၉ တန် လျော့နည်းခဲ့ရတာ ဖြစ်ပါတယ်။                        တမူးနယ်စပ်မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၀၀၀၉ သန်း တန်ဖိုးရှိ တောင်လုံးကျော် ၄ တန်အပို့ရှိခဲ့ပြီး ယခင် အပတ်ကထက် ၂ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                MIRT(DOBT)