ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၁၀၇၆ ၁၀၈၄၂ မကွေး ၁ ပိဿာ ၁၀၂၆ ၁၀၂၆၃ ပခုက္ကူ ၁ ပိဿာ ၁၀၂၆ ၁၀၄၇၄ မုံရွာ ၁ ပိဿာ ၁၀၅၃ ၁၀၆၃၅ အောင်လံ ၁ ပိဿာ ၁၀၀၀ ၁၀၅၀၆ မြင်းခြံ ၁ ပိဿာ ၁၀၅၀ ၁၀၅၀၇ ပြည် ၁ ပိဿာ ၁၀၁၅ ၁၀၈၀ထိုင်ဝမ်(ကုလားပဲ) ဈေးမြောက်လာ မန္တလေးဈေးကွက်မှာ ကုလားပဲကို ဒေသတွင်းပဲခွဲစက်သမားများအပြင် ရန်ကုန်ကပါ အဆွဲများလာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၈၄ ကျပ်(တစ်တန်ကို ၆၆၃၈၃၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၇၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ မကွေးဈေးကွက်မှာ ကုလားပဲကို ရန်ကုန်အဆွဲ များလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၂၆ ကျပ်(တစ်တန်ကို ၆၂၈၃၁၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ပခုက္ကူဈေးကွက်မှာ ကုလားပဲကို မြို့ခံစက်သမားများက ဝယ်အားပုံမှန်ရှိသလို ရန်ကုန်ကလည်းအဆွဲလိုက်လာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၄၇ ကျပ် (တစ်တန်ကို ၆၄၁၁၇၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၂၀၀ ကြား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မ် ှာ ကုလားပဲကို မြို့ခံပဲခွဲစက်သမား များနဲ့ အမှုန့်ကြိတ်စက်များက အရောင်းအဝယ်အားဖြင့် ကြိုက်ဈေး အပေါ်မူတည်ပြီး တစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အောင်လံဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေအပြင် ရန်ကုန်ဝယ်လက် ကပါ အဝယ်သွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာပြီး တစ်ပိဿာကို ၁၀၅၀ ကျပ်(တစ်တန်ကို ၆၄၃၀၀၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၅၀မှ ၃၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background