Main menu

Background

နှမ်းဖြူကို တရုတ်အဆွဲသွက်လို့ ဈေးမြောက်လာ

Mon, 09/26/2011 - 09:39 -- Anonymous (not verified)

သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ     ယခင်     ယခု     ပြောင်းလဲမှု၁ အောင်လံ            ၁ ပိဿာ      ၂၁၁၂    ၂၁၅၆နှမ်းဖြူကို တရုတ်အဆွဲသွက်လို့ ဈေးမြောက်လာ                   မန္တလေးဈေးကွက်သို့ အောင်လံ၊ပြည်၊ မကွေး(ခြုံကျော်) နှင့် ကျောက်ပန်းတောင်းဒေသမှ ထွက်ရှိတဲ့ နှမ်းသစ်တွေ အဝင်ပုံမှန် ရှိနေသလို နှမ်းဖြူထိပ်စနဲ့ အောက်စကိုလည်း တရုတ်က အဆွဲသွက် နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ထိပ်စတစ်ပိဿာ ၁၇၃၃ ကျပ် (တစ်တန်ကို ၁၀၆၁၂၇၁ ကျပ်) အောက်စတစ်ပိဿာ ၁၅၁၁ ကျပ် (တစ်တန်ကို ၉၂၅၃၂၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀၀ မှ ၅၀၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူကို မန္တလေးဝယ်လက်က အရည်အသွေး ပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၆၇၀ ကျပ် (တစ် တန်ကို ၁၀၂၂၆၉၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။မုံရွာဈေးကွက်မှာ  နှမ်းဖြူက ဈေးကွက်သို့ အဝင်များ လာသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း ဝယ်အား သွက်နေ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၅၆၇ ကျပ်(တစ်တန်ကို ၉၅၉၆၁၅ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှု များတယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။အောင်လံ ဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်အဆွဲများတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၂၁၅၆ ကျပ် (တစ် တန်ကို ၁၃၂၀၃၁၂ ကျပ်) နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။