Main menu

Background

ပြောင်းကို တရုတ်ဝယ်အား ပုံမှန်ရှိလို့ ဈေးစွာ

Mon, 09/26/2011 - 09:41 -- Anonymous (not verified)

ပြောင်းစဉ် ကုန်စည်ဒိုင်         ရေတွက်ပုံ       ယခင်       ယခု             ပြောင်းလဲမှု၁ တောင်ကြီး               ၁ ပိဿာ     ၂၈၅         ၃၀၀၂ လားရှိုး                    ၁ ပိဿာ      ၃၀၀        ၃၅၀၃ မူဆယ်                    ၁ တန်       ၂၁၂၁၅၆  ၂၂၅၁၈၈၄ မန္တလေး                   ၁ ပိဿာ     ၃၀၆        ၃၄၃၅ မြင်းခြံ                     ၁ ပိဿာ      ၃၀၀        ၃၃၀၆ ဟင်္သာတ                 ၁ ပိဿာ     ၂၆၅         ၃၄၅ပြောင်းကို တရုတ်ဝယ်အား ပုံမှန်ရှိလို့ ဈေးစွာ                        တောင်ကြီးဈေးကွက်မှာ ပြောင်း(ဟောင်း)က ပစ္စည်းလက်ကျန်နည်းသွားပေမယ့် ဈေးကွက်သို့ ပြောင်းသစ်တွေ အဝင်ပုံမှန် ရှိတာကြောင့် အရောင်းအဝယ်ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဓိက ဝယ်လက်တွေကတော့ ရန်ကုန်-မန္တလေးဝယ်လက်တွေဖြစ်ပြီး တစ်ပိဿာကို ၃၀၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၀၀၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်အားကောင်း နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၃၅၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၃၆၀၀ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်များလာသလို တရုတ်အဆွဲကလည်း ပုံမှန်ရှိခဲ့ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာတယ်လို့ သိရပါ တယ်။ ဟင်္သာတဈေးကွက်မှာ ပြောင်းကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၃၄၅ ကျပ်နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၅၀ ကြားအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ တရုတ် ဝယ်လက်က ပြောင်း (ဟောင်း) တစ်ပိဿာ ၃၄၃ ကျပ်၊ ပြောင်း (သစ်)တစ်ပိဿာ ၃၃၃ ကျပ်နဲ့ နေ့စဉ်အိတ် ၂၀၀၀ မှ ၅၀၀၀ ကြား ဝယ်အားပုံမှန်ရှိနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။