Main menu

Background

အမေရိကန်စီးပွားရေး အကျပ်အတည်းကို စိုးရိမ်ပေမယ့် အိန္ဒိယ ဝယ်လိုအားကြောင့် စားအုန်းဆီကြမ်း ကျဆင်းမှု ကန့်သတ်

Mon, 09/26/2011 - 10:02 -- Anonymous (not verified)

အမေရိကန်စီးပွားရေး အကျပ်အတည်းကို စိုးရိမ်ပေမယ့် အိန္ဒိယ ဝယ်လိုအားကြောင့် စားအုန်းဆီကြမ်း ကျဆင်းမှု ကန့်သတ်                 မလေးရှား ဘာစာကုန်စည်ဒိုင်မှာ စားအုန်းဆီကြိုပွိုင့်ဈေးများဟာ အမေရိကန်စီးပွားရေး အကျပ်အတည်း စိုးရိမ်မှုများကြောင့် ဈေးလျော့ကျနေခဲ့ရာမှ အချို့ အထောက်အပံ့ဖြစ်စေတဲ့အချက်များကြောင့် ဈေးကျဆင်းမှု ကန့်သတ်ခဲ့ပါတယ်။ ချီကာကိုမှာ ပဲပုပ်ဆီကြိုပွိုင့်ဈေး အနည်းငယ်မြင့်တက်ခဲ့ပြီး၊ ဒီဇင်ဘာလ စာချုပ် ဈေးဟာ တစ်ပေါင် ၀ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ကန်ဒေါ်လာ ၅၅ ဒသမ ၈၂ ဆင့် (တစ်တန်ကန်ဒေါ်လာ ၁၂၃၀ ) ဖြစ်လာခဲ့ ပါတယ်။ အဓိကဝယ်လက်ဖြစ်တဲ့ အိန္ဒိယက အောက်တိုဘာလမှာကျင်းပမယ့် ဒီပဝါလီ ပွဲတော်အတွက် ဆီသိုလှောင်မှု ပြန်လည်စတင်တော့မှာဖြစ်လို့ ပြည်ပဝယ်လိုအား မျှော်လင့်ချက်အရလည်း ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ကုန်သည် များက ဥရောပဇုန်နဲ့ အမေရိကန်တို့နဲ့ပတ်သက်လို့ မသေချာတဲ့အနေအထားအရ ဈေးမြှင့်ပေးဝယ်လိုခြင်းမရှိတာကြောင့် ကျန်တဲ့လများမှာလည်း စားအုန်းဆီကြမ်း ဈေးဟာ တစ်တန်ကိုရင်းဂစ် ၃၀၀၀ နဲ့ ၃၁၀၀ (ကန်ဒေါ်လာ ၉၅၁-၉၈၃ ) ကြား ရှိနေလိမ့်မယ်လို့ ကွာလာလမ်ပူမှ ကုန်သည်တစ်ဦးက ခန့်မှန်း ထားပါတယ်။ ဒါပေမဲ့ စက်တင်ဘာမှာ စားအုန်းဆီထွက်ရှိမှု သိသိသာသာမြင့်တက်ဖွယ်ရှိလို့ စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ရင်းဂစ် ၂၉၀၀ (ကန်ဒေါ်လာ ၉၁၉ ) ကို ထပ်မံကျဆင်းနိုင်တယ်လို့ အခြားကုန်သည်တစ်ဦးကဆိုပါတယ်။ သြဂုတ်လကုန်မှာ မလေးရှားစားအုန်းဆီသိုလှောင်လက်ကျန်ဟာ တန်ချိန် ၁ ဒသမ ၈၈ သန်းရှိတယ် လို့ မလေးရှား စားအုန်းဆီအဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့မှာ ပြောကြားပါ တယ်။                     လက်ငင်းဈေးကွက်မှာ အောက်တိုဘာလအတွက် သန့်စင်ပြီးစားအုန်းဆီ (Palm Olein) ဈေးဟာ တစ်တန်ကန်ဒေါ်လာ ၁၀၇၅ ရှိပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ရင်းဂစ် ၃၀၈၀ (ကန်ဒေါ်လာ ၉၇၇) ဈေးရှိတယ်လို့သိရပါတယ်။ ယုဇန Source: palmoilhq.com