အရောင်းသွက်တဲ့ မန်းနှမ်း မန်းဈေးကွက်အတွင်း မကွေး၊ နတ်မောက်၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ ရေစကြိုဒေသများမှ ထွက်ရှိတဲ့ နှမ်းဖြူများ ဝင်ရောက်နေသလို ပျဉ်းမနား၊ တောင်တွင်းကြီး၊ အောင်လံ၊ ပြည်၊ ကြို့ပင်ကောက်ဒေသများမှ နှမ်းနက်များ ဝင်ရောက်နေ ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျောက်ဆည်၊ မလှိုင်၊ နွားထိုးကြီး၊ မြင်းခြံဒေသများမှ နှမ်းညိုများလည်း ဝင်ရောက်နေပါတယ်။ ဈေးကွက်အတွင်း နှမ်းအဝင်လှိုင်ပေမယ့် တရုတ်ဆွဲအားကောင်းနေတာ ကြောင့် ဈေးအေးမသွားဘဲ အရောင်းသွက်ဈေးမြင့်နေတာကို တွေ့ရပါတယ်။ ယခုတစ်ပတ် နှမ်းဖြူထိပ်စတစ်ပိဿာ ၁၇၃၃ ကျပ်၊ နှမ်းနက်(ရိုးရိုး) ၁၇၅၆ ကျပ်၊ နှမ်းနက်(စမုံ) ၂၂၈၉ ကျပ်၊ နှမ်းညို ၁၄၀၀ ကျပ်ဈေးနဲ့ ရောင်းဝယ်နေကြ ပါတယ်။ နှမ်းဖြူ၊ နှမ်းနက်ကို တရုတ်ဝယ်လက်မှ ဝယ်ယူနေပြီး၊ နှမ်းညိုကတော့ ပြည်တွင်းဆီလုပ်ငန်းရှင်များမှ အများဆုံး ဝယ်ယူနေပါတယ်။ ဈေးကွက် အတွင်း ပစ္စည်းအဝင်လှိုင်သလောက် တရုတ်ဆွဲအားကောင်းနေတာကြောင့် နှမ်းဈေးကွက်ဟာ ဆက်ပြီးတော့ ရောင်းဝယ်အား ကောင်းနေဦးမယ်လို့ ကုန်သည်များက ပြောပါတယ်။ ကျော်ကျော်မိုး
Background