ဒီသီတင်းပတ် နို့ဆီ၊ နို့စိမ်း နှစ်မျိုးလုံးတင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်း နို့ဆီ ၉၁ ဒသမ ၁၁ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ကိုးသောင်းကျော်ဖိုး၊ နို့စိမ်းက ၂၀၉ ဒသမ ၈၄ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ နှစ်သိန်းတစ်သောင်းကျော်ဖိုး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်း မှုမှာ တန်ချိန် ငါးရာကျော်ထိတင်သွင်းခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တော်တော် လေးလျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့စိမ်းက နှစ်ပတ်ဆက် တိုက်အဝင်မရှိခဲ့ဘဲ ဒီတစ်ပတ်မှသာ DAWN တံဆိပ်နို့စိမ်းများကို တင်သွင်း ခဲ့တာဖြစ်ပါတယ်။ နို့မှုန့်က နယူးဇီလန်နိုင်ငံမှ ၇၆ ဒသမ ၄၄ တန်နဲ့ ထိုင်းနိုင်ငံမှ ၅ ဒသမ ၅၀ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် နို့မှုန့်တင်သွင်းမှုမှာ တန် ချိန် ၁၃၀ ကျော်ရှိခဲ့တာကြောင့် ဒီသီ တင်းပတ်မှာ တန်ချိန် ၅၀ ကျော် လောက် လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နို့ဆီ၊ နို့စိမ်း ပုံမှန်သွင်း နို့မှုန့် အသွင်းမရှိပြန် မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ ၀ ဒသမ ၀၃၆ သန်း တန်ဖိုးရှိ နို့ဆီ ၃၈ တန် (၂၀၀၀ တာ)နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၀၄၈ သန်း တန်ဖိုးရှိ နို့စိမ်း တန် ၅၀ (၂၆၀၀ တာ) ကို စက် တင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိကာလ အတွင်း အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်ကလည်း နို့ဆီ တန် ၄၀နဲ့ နို့စိမ်း ၅၁ တန် အသွင်းရှိခဲ့တာမို့ နို့ဆီ၊ နို့စိမ်း တင်သွင်းမှုဟာ ပုံမှန်အနေအထား ရှိနေပါတယ်။ မူဆယ်နယ်စပ်မှ နို့မှုန့် အသွင်းမရှိကြောင်း သိရပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၈၀ ၇၀၀ဒွန်း( နို့စိမ်း) ၆၂၀ ၆၅၀Falcon နို့ဆီ ၅၂၀ -Falcon နို့စိမ်း ၄၉၀ -ဝမ်းတီးနို့ဆီ ၆၄၀ ၆၅၀အိုကေ( နို့ဆီ) ၆၆၀ ၆၇၅အိုကေ( နို့စိမ်း) ၆၆၀ ၆၇၅ဟက်ပီးကောင်း( နို့ဆီ) ၆၀၀ -MIRT (DOT)
Background