ဓာတ်မြေသြဇာ အဝင်ငြိမ် ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတင်သွင်းခြင်း မရှိခဲ့ပါဘူး။ ယခင်သီတင်းပတ်များမှာ အပတ်စဉ် တန်ချိန် တစ်ထောင်ကျော်မှ နှစ်ထောင်ကျော်ကြား တင်သွင်းနိုင်ခဲ့ပေမဲ့ ဒီတစ်ပတ် မှာတော့ ဓာတ်မြေသြဇာ အဝင်နားခဲ့ပါတယ်။ MIRT (DOT) ယခုအပတ် နယ်စပ်မှ ဓာတ်မြေသြဇာ အသွင်းသိသိသာသာပို စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၆ ဒသမ ၀၉၇ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၃၀၆၈၆ တန်အသွင်း ရှိခဲ့ပါတယ်။ ဓာတ်မြေသြဇာ ထည့်သုံးနိုင်တာနဲ့အမျှ အပင်ဖြစ်ထွန်းမှု အားကောင်း တာကြောင့် စိုက်ပျိုးရေးသွင်းအားစုများကို ဝယ်ယူသုံးစွဲမှုများလို့ အသွင်းများနေ တာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် တင်သွင်းမှုများမှာ မူဆယ်နယ်စပ်မှ ၂၇၂၂၆ တန်ကျော်၊ ကော့သောင်းမှ တန် ၃၄၀၀ နဲ့ ရိဒ်မှ တန် ၆၀ ခန့် အသီးသီး ဖြစ်ပါတယ်။ ကန်ပိုက်တီးနဲ့ မောင်တောမှ ယခုအပတ် ဓာတ်မြေသြဇာ တင်သွင်းနိုင်မှု မရှိတာတွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ် အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း (၁၀း၁၀း၅)၊ နိုက်တြစ်ဖော့စဖိတ်၊ တီစူပါဖော့စဖိတ်နဲ့ စင်ဂဲစူပါဖော့စဖိတ်တို့ ဖြစ်ကြပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ်ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ပိုတက် (ထိုင်း) ၃၂၅၀၀ ၃၂၅၀၀ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၂၅၀၀ ၂၂၀၀၀ တီဆူပါ (သံကွင်း-တရုတ်) ၂၆၀၀၀ ၂၈၀၀၀ ပိုတက် (တရုတ်) ၂၃၀၀၀ ၂၆၀၀၀ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၀၅၀၀ ၂၀၉၀၀ ယူရီးယား(ပန်းဖူး-တရုတ်) ၂၂၀၀၀ ၂၂၇၀၀ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၄၅၀၀ ၂၅၅၀၀ အာမို(ဒိုင်းမွန်းစတား) - ၃၆၅၀၀ - တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၀၅၀၀ ၂၁၀၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၀၅၀၀ ၂၁၀၀၀ ယူရီးယား (ယူအေအီး-တရုတ်) ၁၉၀၀၀ ၁၉၀၀၀ ကုလားအုတ် (တရုတ်) ၂၃၅၀၀ ၂၃၅၀၀ တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၀၀၀ ၂၁၇၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁၅၀၀ ၂၃၀၀၀ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁၀၀၀ ၂၁၇၀၀ တီစူပါ-(တရုတ်) 12% ၁၀၅၀၀ ၁၀၀၀၀ တီစူပါ-(တရုတ်) 16% ၁၁၅၀၀ ၁၁၀၀၀ တီစူပါ 15:15:15 (တရုတ်) ၃၅၀၀၀ ၃၅၅၀၀ တီစူပါ 10:10:5 (တရုတ်) ၁၅၀၀၀ ၁၅၀၀၀ ပိုတက် (တရုတ်) ၂၀၀၀၀ ၂၁၀၀၀ ဓာတ်ဆား (တရုတ်) ၁၇၅၀၀ ၁၇၅၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂၅၀၀ ၂၂၅၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၂၅၀၀ ၂၂၅၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၂၅၀၀ ၂၂၅၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၂၀၀၀ ၃၂၀၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၂၈၅၀၀ ၂၈၅၀၀ ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8 ၂၈၀၀၀ ၂၈၀၀၀ တီစူပါ (တရုတ်) သံကွင်း 46% ၂၆၀၀၀ ၂၆၀၀၀ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၅၀၀
Background