Main menu

Background

ရွှေဈေးနှုန်း မြင့်တက်သော်လည်း မန်းစိန်ဈေးကွက် အေးမြဲအေး

Tue, 09/27/2011 - 06:32 -- Anonymous (not verified)

ရွှေဈေးနှုန်း မြင့်တက်သော်လည်း မန်းစိန်ဈေးကွက် အေးမြဲအေး                   ရွှေဈေးနှုန်းမြင့်တက်သော်လည်း မန္တလေးစိန်ဈေးကွက်မှာ အရောင်းအဝယ် အေးပြီး ဈေးနှုန်းမှာ ပုံမှန်အတိုင်းငြိမ်သက်လျက်ရှိကြောင်း သိရပါတယ်။ Mandalay Gem Centers မှ စိန်ကုန်သည်တစ်ဦးက ''ဒီအချိန်မှာ ရွှေဈေး နှုန်းက မြင့်တက်လာနေတဲ့အတွက် ငွေစုတဲ့သူတွေက ရွှေဘက်လှည့်ကြတယ်။ စိန်က အထည်အနေနဲ့ဝတ်တာ ဖြစ်တဲ့အတွက် ရွှေဈေးနှုန်းတက်ရိပ်ပြလေ၊ စိန်အရောင်းအဝယ် အေးလေဖြစ်နေတယ်။ မိုးတွင်းကာလလည်းဖြစ်တော့ နယ်ဘက် ကလည်း အဝယ်မရှိသလောက်အေးနေတာ။ သီတင်းကျွတ်ကာနီးပေမယ့် ခါတိုင်း နှစ်တွေလို အော်ဒါမှာတာ လည်း မရှိသလောက်ဘဲ '' လို့ ပြောပါတယ်။                   ဧပြီလကုန်ပိုင်းမှာ ကမ္ဘာ့စိန်ဈေးနှုန်းမြင့်တက်ခြင်းကြောင့် မြန်မာ့စိန်ဈေးနှုန်း မြင့်တက်ခဲ့ပေမယ့် ဒေါ်လာဈေးကွက်ကျဆင်း၍ ၂၀၀၆ ခုနှစ်က ဈေးကိုမမီကြောင်း၊ မြင့်တက်ခဲ့တဲ့ဈေးနှုန်းနဲ့ ယခုလအထိ ပုံမှန်ဈေးသာရှိ ကြောင်း သိရပါတယ်။ စိန်ဈေး နှုန်းမှာ ၅ လတာကာလအတွင်း အပြောင်းအလဲမရှိဘဲ ၄၀ လုံးစီး အသန့် ကျပ် ၆ ဒသမ ၅ သိန်း၊ ၃၀ လုံးစီး အသန့် ကျပ် ၇ ဒသမ ၃ သိန်း၊ ၁၀ လုံးစီး အသန့် ကျပ် ၁၀ သိန်းကျော်ကျော်ဖြင့် ဈေးကွက်အေးမြဲအေးနေကြောင်း သိရပါတယ်။ ဇူးဇူး