Main menu

Background

၂၀၁၂ ခုနှစ်တွင် ရွှေဈေးနှုန်း တစ်အောင်စလျှင် ၂၂၀၀ ဒေါ်လာအထိ ရောက်ရှိမည်ဟု Anglo Gold Ashanti ခန့်မှန်း

Tue, 09/27/2011 - 06:33 -- Anonymous (not verified)

၂၀၁၂ ခုနှစ်တွင် ရွှေဈေးနှုန်း တစ်အောင်စလျှင် ၂၂၀၀ ဒေါ်လာအထိ ရောက်ရှိမည်ဟု Anglo Gold Ashanti ခန့်မှန်း                         စက်တင်ဘာ ၁၆ ရက်က တစ်အောင်စကို ကန်ဒေါ်လာ ၁၇၆၈ ဝန်းကျင် အထိကျဆင်းသွားတဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက စက်တင်ဘာ ၁၉ ရက်မှာ ပြန်လည်ဦးမော့လာပြီး ဥရောပဒေသ ကြွေးမြီအကျပ်အတည်း ပိုမိုဆိုးဝါး လာတဲ့လက္ခဏာက ရွှေဝယ်လိုအားကို မြှင့်တင်ပေးနေတယ်လို့ ဆိုကြပါတယ်။                    စက်တင်ဘာ ၂၀ရက်မှ ၂၁ ရက်ထိကျင်းပတဲ့ အမေရိကန်ဗဟိုဘဏ် အစည်း အဝေးအပေါ် ရင်းနှီးမြှုပ်နှံသူတွေအာရုံစိုက်နေကြောင်းနဲ့ ၎င်းင်းအစည်းအဝေးမှာ စီးပွားရေးလှုံ့ဆော်မှုအတွက် ဆွေးနွေးမယ်ဆိုရင် ရွှေဈေး ဆက်လက်မြင့်မားမယ်လု့ိ သုံးသပ်ခဲ့ကြပါတယ်။                       စက်တင်ဘာ ၁၉ ရက် ကမ္ဘာ့ရွှေလက်ငင်းဈေးနှုန်းမှာ တစ်အောင်စကို ၁၈၂၀ ဒသမ ၂၉ ဒေါ်လာနဲ့ ဂရင်းနစ်စံတော်ချိန် ၀၆း၄၃ နာရီမှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လိ့ု သိရတယ်။ သုတေသီတွေက ရွှေဈေးနှုန်းက တစ်အောင်စကို ၁၈၆၀ ဒေါ်လာမှ ၁၉၃၀ ဒေါ်လာအထိ ဇစ်ဇက် (Zigzag) ပုံစံနဲ့ ပြောင်းလဲနေမယ်လိ့ု ဆိုကြပါတယ်။ ၂၀၁၂ခုနှစ်မှာရွှေဈေးနှုန်းက တစ်အောင်စကို ၂၂၀၀ ဒေါ်လာအထိ ရောက်ရှိမယ်လို့ ကမ္ဘာ့တတိယမြောက် ရွှေထုတ်လုပ်မှုအများဆုံးဖြစ်တဲ့ Anglo Gold Ashanti ကုမ္ပဏီမှ အမှုဆောင်အရာရှိက ခန့်မှန်းပြောကြားခဲ့ပါတယ်။ Source:af.reuters.com,ပပ