နနွင်းဈေး အနည်းငယ်မြင့်တက်လို့ အိန္ဒိယတောင်သူများပျော်ရွှင်လာ အိန္ဒိယမြောက်ပိုင်းကုန်သည်များက ရုတ်တရက် အဝယ်တက်လာလို့ နနွင်းလက်ငင်းဈေးတစ်တန် ရူပီး ၃၀၀၀-၅၀၀၀ (ကန်ဒေါ်လာ ၆၂ ဒသမ ၁၀၃)ခန့် မြင့်တက်လာခဲ့တဲ့အတွက် နနွင်းတောင်သူများ ပျော်ရွှင်နေကြတယ် လို့ အီရော့ နနွင်းကုန်သည်များအသင်းဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာက ပြောကြားပါတယ်။ ယခုလို ဈေးထိုးကျဆင်းပြီး အနည်းငယ်ပြန်တက်လာခြင်းဟာ နှစ် ၇၀ ခန့်အတွင်း ပထမဆုံးအကြိမ်ကြုံဖူးတာပါလို့ ဆိုပါတယ်။ မနှစ်ကတိုင်အောင် နနွင်းဈေး တဖြည်းဖြည်းသာ ကျဆင်းခဲ့ပေမယ့် ဒီနှစ်မှာ ရုတ်တရက်ကျဆင်းမှုတွေဖြစ်လာတော့ တောင်သူတွေ ထိခိုက်မှုရှိတယ်လို့လည်း ဆိုပါတယ်။ အရည်အသွေးအရ ဈေးကျတဲ့စပ်မျိုးနနွင်းဈေးလည်း တစ်တန်ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၁၀၃)ဝန်းကျင် မြင့်တက်ခဲ့ပါတယ်။ တောင်သူများအနေနဲ့ နနွင်းဈေးအနည်းငယ်တက်လာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။ အီရော့ဈေးကွက်မှာ နနွင်းဈေးတက်တာကြောင့် ကြိုပွိုင့်ဈေးလည်း တစ်တန် ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၂၁) မြင့်တက်ခဲ့ တယ်လို့သိရပါတယ်။ နောက်ထပ်အမှာအော်ဒါအသစ် ၁၀ ခုလက်ခံရရှိခဲ့ပြီး၊ နနွင်းအိတ် ၆၂၀၀ ဝင်ရောက်မှုအနက် ၇၀ ရာခိုင်နှုန်း မှာ ရောင်းထုတ်ပြီးသွားပြီလို့ သိရပါတယ်။ အချို့ကုန်သည်တွေကလည်း ဈေးဆက်တက်မယ့်မျှော်လင့်ချက် တွေကြောင့် ၎င်းင်းတို့လက်ကျန်များကို ဈေးကွက်အတွင်း သယ်ယူလာကြတယ်လို့ သိရပါတယ်။ အီရော့နနွင်း ကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန်ရူပီး ၃၆၈၉၀ ၄၆၆၉၀(ကန်ဒေါ်လာ ၇၅၇-၉၅၈)၊ နနွင်းဥဈေးတစ်တန်ရူပီး ၃၅၀၀၀-၄၁၈၉၀ (ကန်ဒေါ်လာ ၇၁၈-၈၆၀)ဈေးရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: hindubusinees
Background