နယ်စပ်မှ နနွင်းတက်(ရှမ်းစ)နဲ့ နနွင်းခေါင်းပါပို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ ယခုအပတ်မှာ နနွင်းတက် (ရှမ်းစ) သာမက နနွင်း ခေါင်းအနည်းငယ်တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ ကန်ဒေါ်လာ ၀ ဒသမ ၀၆၈ သန်းတန်ဖိုးရှိ နနွင်းတက်(ရှမ်းစ) ၄၅ တန်ခန့်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၀၀၃ သန်း တန်ဖိုးရှိ နနွင်းခေါင်း ၂ တန်ကျော် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျင်တော့ နနွင်းတက်တင်ပို့မှု တန် ၁၀၀ ခန့် လျော့နည်းခဲ့ပါတယ်။ MIRT (DOBT)
Background