နနွင်း ၄၈ တန် တင်ပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်တာ ကာလအတွင်း နနွင်း ၄၈ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံတွေမှာ စင်ကာပူနိုင်ငံကို ၁၈ တန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံကို တန်ချိန် ၃၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၁၅ တန်သာ တင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ ယခင်တစ်ပတ်ထက် ၃ ဆလောက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၅၀၀ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇၂၀၀၀ ရရှိခဲ့ပါတယ်။ MIRT (DOT)
Background