လက်ကျန်ချင်း(ဥမ)များ ဝင်ရောက်မှုရှိနေသေး အောင်ပန်းနဲ့ တောင်ကြီးဈေးကွက်တွင် ချင်း(ဥမ)များ လက်ကျန်တွေရှိနေပြီး၊ ချင်း(တက်)အသစ်မှာ စပေါ်၍မရင့်သေးဘဲ ပိန်ကပ်မှုရှိနေသေးလို့ ဈေးကွက် မသွက်သေးကြောင်း သိရပါတယ်။ ပြည်ဈေးကွက်သို့ ယခုတစ်ပတ် ချင်း(ဥမ)ပိဿာ ၃၀ ဝင်အိတ် ၂၂၀ ခန့်နဲ့ အဝင်ပါးလျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယ ပတ်မှစပြီး ဈေးငြိမ်လာခဲ့ရာ ယခုတစ်ပတ်တွင်လည်း ချင်း(ဥမ)ရှယ် တစ်ပိဿာ ၈၀၀ ကျပ်(ဂျွန်) ၅၅၀-၆၅၀ ကျပ်တို့နဲ့ ဆက်လက်ဈေးငြိမ်နေပြီး ပုံမှန်ဈေး ကွက်ဖြစ်သော ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် တင်ပို့မှု အပါအဝင် ချင်း ဓါးလှီးသမားများ လက်လီ၊ လက်ကားရောင်းဝယ်သူများနဲ့ ယခုတစ်ပတ် ပိဿာ ချိန် ၆၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
Background