Main menu

Background

အရည်အသွေးကောင်းလို့ ဈေးကောင်းရတဲ့ မြန်မာ(ရှမ်းမွှာ)

Tue, 09/27/2011 - 07:21 -- Anonymous (not verified)

အရည်အသွေးကောင်းလို့ ဈေးကောင်းရတဲ့ မြန်မာ(ရှမ်းမွှာ)                      ကြက်သွန်ဖြူသီးနှံအနေနဲ့ ပြည်ဈေးကွက်တွင် ယခုတစ်ပတ်အတွင်း ရှမ်းမွှာဈေးမှာ ယခင်တစ်ပိဿာကို ၁၂၅၀-၁၃၅၀-၁၄၅၀ ကျပ်မှ ယခု ၁၄၅၀-၁၅၅၀- ၁၇၀၀ ကျပ်ထိ ဈေးမြင့်တက်သွားပြီး၊ အောင်ပန်းမှ ၃၅ ပိဿာဝင် အိတ် ၁၅၀ ခန့် ဝင်ရောက်မှုရှိတယ်လို့ သိရပါတယ်။ ရှမ်းမွှာအနေနဲ့ ယခင်ဝင်ရောက်တဲ့ ကြက်သွန်ဖြူ တွေမှာ အရည်အသွေးညံ့တဲ့အတွက် ဈေးကောင်းမရဘဲ ယခုဝင်တဲ့ ရှမ်းမွှာမှာတော့ ပစ္စည်းအရည်အသွေးကောင်းတဲ့ အတွက် ဈေးကောင်းရခြင်းဖြစ်ပြီး၊ အရောင်းအဝယ်အားဖြင့် ဝင်ရောက်မှုရဲ့ သုံးပုံနှစ်ပုံ အိတ် ၁၀၀ ခန့် အရောင်း အဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။                      ကြက်သွန်ဖြူ(ကြူကုတ်)နဲ့ (ဥတစ်လုံး)မှာတော့ ပုံမှန်ဈေးဖြင့် ရောင်းဝယ် နေပြီး၊ ကြူကုတ် ၁၅ ပိဿာဝင် အိတ် ၁၅၀၀ ခန့်၊ ဥတစ်လုံး ၃၅ ပိဿာဝင် ၁၀ အိတ်ခန့် ဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ပြည်ဈေးကွက်ရှိ ဈေးနှုန်းများမှာ ကြူကုတ်တစ်ပိဿာ ၁၃၅၀-၁၄၅၀ ကျပ်၊ ဥတစ်လုံး တစ်ပိဿာ ၂၃၀၀-၃၀၀၀- ၄၅၀၀ ကျပ်တို့ ရှိပြီး၊ ယခုတစ်ပတ်အတွင်း ကြူကုတ် အိတ် ၁၀၀၀ နဲ့ ဥတစ်လုံး ပိဿာချိန် ၂၀၀ ခန့် အသီးသီးအရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။         ဝင်းလဲ့ဝါ