Main menu

Background

ရန်ကုန်သွားနေတဲ့ မန်း V2

Tue, 09/27/2011 - 07:22 -- Anonymous (not verified)

ရန်ကုန်သွားနေတဲ့ မန်း V2                     ကုလားပဲဖြူကြီးကို ရန်ကုန်ဝယ်လက်ရဲ့ ဝယ်လိုအားကောင်းနေတဲ့အတွက် ဈေးကွက်အတွင်းမှာ ဈေးစွာနေပြီး ရောင်းဝယ်နေကြပါတယ်။ ပဲလက်ကျန်က လည်း တဖြည်းဖြည်းနည်းလာသလို ဒေသတွင်း စိုက်ပျိုးမယ့် တောင်သူများ ကလည်း မျိုးအတွက်ပါ အနည်းငယ်ဝယ်ယူလာနေတာကြောင့် ဈေးမြင့်ပြီး အရောင်းသွက်နေတာ ဖြစ်တယ်လို့ ကုန်သည်များက ပြောပါတယ်။ ယခင်တစ်ပတ် ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၄၅ ကျပ်၊ ကုလားပဲ(တိုင်ပေ) ၁၀၄၉ ကျပ်ဈေးရှိပြီး၊ ယခုတစ်ပတ်ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၉၇ ကျပ်၊ တစ်တန် ၈၅၅၅၀၀ ကျပ်၊ ကုလားပဲ(တိုင်ပေ) ၁၀၈၄ ကျပ်၊ တစ်တန် ၆၆၃၈၃၀ ကျပ်ဈေးဖြစ်လို့ ယခင်အပတ်ထက် တစ်ပိဿာ ၅၂ ကျပ်ခန့် မြင့်တက်လာကြောင်း တွေ့ရပါတယ်။ မန်းဈေးကွက်အတွင်းမှာ ကုလားပဲကို ဝယ်လိုအား ကောင်းတာကြောင့် စက်တင် ဘာလအတွင်းမှာလည်း ရောင်းဝယ်အားကောင်းနေဦးမယ်လို့ ကုန်သည်များက ပြောပါတယ်။ ကျော်ကျော်မိုး