ပဲဟောင်းပေမယ့် ဈေးကောင်းအရောင်းအဝယ်သွက်တဲ့ V2 လှောင်သက်ကာလကြာ၊ ဈေးလည်းမာလာပြီဖြစ်လို့ ဈေးဖြတ်ပစ္စည်းအပ်မဲ့ ပွဲစားတွေရဲ့အဝယ်နဲ့ မန္တလေး၊ ရန်ကုန် Export ပုံမှန်ဝယ်လက်တွေ အဝယ် သွက်ခဲ့လို့ စက်တင်ဘာ တတိယပတ် မုံရွာကုန်စည်ဒိုင် V2 ဈေးကွက်ဟာ အမြင့် ဈေးမှာ အရောင်းအဝယ်ကောင်းခဲ့တာ တွေ့ရပါတယ်။ V2 ဈေးနဲ့အတူ ကျန် ကုလားပဲတွေလည်း မျိုးအဝယ်လိုက်ခဲ့သလို စက်ပိုင်နဲ့ လက်လီသမားတွေ '' လိုဝယ် '' ရှိတဲ့အတွက် အရောင်းအဝယ်ဈေးတက်လာခဲ့ ပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ဈေးတွေကတော့ V2 တစ်တင်း ၂၆၅၀၀ ကျပ်မှ ၂၆၈၀၀ ကျပ် တိုင်ပေတစ်တင်း ၁၉၆၀၀ ကျပ်မှ ၂၀၂၀၀ ကျပ် ကုလားပဲရိုးရိုး ၁၈၀၀၀ ကျပ်မှ ၁၉၂၀၀ ကျပ် ၉၂၉ ကုလားပဲ ၁၉၃၀၀ ကျပ်မှ ၂၁၅၀၀ ကျပ် အသီးသီးဈေးမာနေခဲ့ကြပါတယ်။ ယခုတစ်ပတ်အတွင်း ကုလားပဲ စီးထွက်မှု အနေနဲ့ မုံရွာဈေးကွက်ကနေ မန္တလေးကို တင်း ၅၀၀၀ ကျော်နဲ့ ရန်ကုန်ကို တင်း ၆၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင်
Background