Main menu

Background

ကုလားပဲတင်ပို့မှု တန် ၂၀၀၀ အောက်လျော့လာ

Tue, 09/27/2011 - 07:32 -- Anonymous (not verified)

ကုလားပဲတင်ပို့မှု တန် ၂၀၀၀ အောက်လျော့လာ                       ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုဟာ ပြည်တွင်းအသုံးရှိခြင်းနဲ့အတူ ပြည်ပအဝယ်များဆက်တိုက် ရောင်းချနေတာကြောင့် လက်ကျန်နည်းလာပြီး တင်ပို့မှု တဖြည်းဖြည်းလျော့ကျလာခဲ့ပါတယ်။ ယခင်တစ်ပတ်က ကုလားပဲတန်ချိန် ၄၅၀၀ အထိ တင်ပို့မှုရှိခဲ့ပေမဲ့ ယခုသီတင်းပတ်(စက်တင်ဘာလ ၁၁ ရက်မှ ၁၇ ရက်)အတွင်းမှာတော့ တန် ၂၀၀၀ အောက်သာတင်ပို့နိုင်တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း စက်တင်ဘာလ ၁၆ ရက်နေ့အထိ တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၉၀၀၀ ခန့် ရှိတာတွေ့ရပါတယ်။ ယခုသီတင်းပတ်အတွင်း ရန်ကုန် FOB ဈေးကွက်မှာ ကုလားပဲအရောင်းအဝယ်ဖြစ်မှု မရှိတာကြောင့် လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှုလျော့ကျလာဖွယ်ရှိပါတယ်။ MIRT-MAPT