Main menu

Background

အမြင့်ဆုံး ဈေးမထိန်းနိုင်သေးတဲ့ စိမ်းကြီးဈေးကွက်

Tue, 09/27/2011 - 07:47 -- Anonymous (not verified)

အမြင့်ဆုံး ဈေးမထိန်းနိုင်သေးတဲ့ စိမ်းကြီးဈေးကွက်                နယ်ကပစ္စည်းအဝင်မရှိသလို ရှိတဲ့ပစ္စည်းကလည်း အရည်အသွေးမမီလို့ စက်တင်ဘာလ တတိယပတ် မုံရွာကုန်စည်ဒိုင်စိမ်းကြီး ဈေးကွက်မှာ အဝယ်အနည်းငယ်လေးသွားပြီး ဈေးလည်း အေးသွားခဲ့ပါတယ်။ ဝင်လာခဲ့တဲ့ ပဲတီစိမ်းကြီး အသစ် တွေမှာ မိုးမိလို့ အရောင်းမလှတဲ့ ပဲတွေပါဝင်နေပြီး တရုတ်လက်အဝယ်မကြိုက်ဘဲ ဒေသတွင်း ခွဲစက်သမားတွေရဲ့ အဝယ်သာ ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ယခုတစ်ပတ် ပေါက်ဈေးမှာတော့ တစ်တင်း ၁၉၅၀၀ ကျပ်ကနေ ၁၈၅၀၀ ကျပ်ကို ကျဆင်းသွားခဲ့ပါတယ်။ မုံရွာဈေးကွက်ကနေ မန္တလေးကို စီးဆင်းမှု အနေနဲ့ ပုံမှန်ထက် လျော့မသွားဘဲ ယခုတစ်ပတ်အတွင်း တင်း ၃၀၀၀ ခန့်ရှိတယ်လို သိရပါတယ်။ ထွန်းလှိုင်