Main menu

Background

အိန္ဒိယကုလားပဲဈေး ဆက်လက်ခိုင်မာ

Tue, 09/27/2011 - 07:49 -- Anonymous (not verified)

အိန္ဒိယကုလားပဲဈေး ဆက်လက်ခိုင်မာ                  အိန္ဒိယပြည်တွင် လက်ငင်းဈေးကွက်များမှာ ဝယ်လိုအားကောင်းနေ တာကြောင့် ဈေးနှုန်းခိုင်မာနေပါ တယ်။ သိုလှောင်ထားရှိမှုနည်းခြင်း နဲ့အတူ ကုန်သည်များ၊ ပဲခွဲစက်များက လာမယ့်ပွဲတော်များအတွက် အဝယ် စိပ်နေခြင်းက ဈေးနှုန်းမြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ပထမ အကြိမ် မိုးပဲထွက်ရှိမှု ခန့်မှန်းချက်အရ ယခင်နှစ်က တန်ချိန ၇ ဒသမ ၁၂ သန်းမှ ယခုနှစ်မှာ တန်ချိန် ၆ ဒသမ ၄၃ သန်းကို ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းပါထားပါတယ်။ ရာဂျက်စသန်မှာ ဒေစီကုလားပဲဈေးက ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၂၀)မြင့်တက် ပြီး ရူပီး ၃၇၀၀၀-၃၇၂၅၀ (ကန်ဒေါ်လာ ၇၄၃-၇၄၈) ရှိပြီး ကုလားပဲခွဲခြမ်း ဈေးဟာ ရူပီး ၄၂၀၀၀-၄၆၀၀၀ (ကန် ဒေါ်လာ ၈၄၃-၉၂၃)နဲ့ ဈေးခိုင်နေ တယ်လို့ သိရပါတယ်။                      ယခုနှစ် ပဲဝါလေးထုတ်လုပ်တဲ့ နိုင်ငံများဖြစ်တဲ့ သြစတြေးလျ၊ ကနေဒါတို့မှာလည်း ကုလားပဲထုတ် လုပ် မှုကျဆင်းခြင်းက ကာလတို အတွင်း ဈေးနှုန်းဆက်လက်ခိုင်မာ စေနိုင်ပါတယ်။ ယမင်းခင် Source:kotak commodity